Chapter (11) A baby guest

1.6K 73 153
                                    

Bai luo yinကို ကျောင်းဝင်းရဲ့
အနောက်ဘက်ခြမ်း
ထောင့်တစ်နေရာကနေ
gu haiစောင့်နေတယ်
အဲနေရာက နေကြည့်ရင် လေးထပ်မြောက်က
Bai luo yinတို့အခန်းကို ပိုမြင်နိုင်တယ်
Bai luo yinတို့အဆောက်အဦးဟာ
  စတုဂံပုံဖြစ်ပြီး

Bai luo yinတို့က
အနောက်ဘက်ခြမ်းအဆောင်ဆိုတော့
သူထိုင်နေတဲ့နေရာနဲ့ ဆို
အခန်းနဲ့တန်းနေတာပဲ
Bai luo yinကိုမတွေ့ရတောင်
မော့ကြည့်လိုက်တာနဲ့
ကိုယ့်ရဲ့ကိုယ်ပွားတစ်ခုဒီနေရာမှာ
ရှိတယ်ဆိုတဲ့အသိကိုပေးတယ်

Gu hai သူ့ရဲ့ ဘယ်ဘက်
လက်မှာပတ်ထားတဲ့နာရီ
အနက်ရောင်လေးကို
ကြည့်မဝဖြစ်နေတယ်
နာရီလေးက သိပ်ဆန်းဆန်းကြယ်ကြယ်
  ဘာမှပါတာတော့မဟုတ်
ဒါါပေမယ့်တွေးလိုက်တိုင်းကြည်နူးမိတယ်
သူမှာရှိနေတဲ့အရာဟာ
bai luo yinမှာလဲရှိနေတယ်ဆိုတာ

နောက်ပြီး ဒါက bai luo yinရဲ့
ထူးခြားဆန်းကြယ်တဲ့စိတ်ကူးလေး
သူ...နာရီလေးကို တစ်စိမ့်စိမ့်ကြည့်နေမိတယ်

ကြည်နူးလို့တောင်မဆုံးသေး ph ဝင်လာကော
Gu yang ဖုန်း
စိတ်ပျက်စွာနဲ့ နားဆီတွန်းပို့်လိုက်တော့

(သူများအိမ်စီးပွားရေးတွေပဲလိုက်လုပ်မနေနဲ့
မင်းအိမ်တိုးတက်ရေးလဲလာလုပ်အုန်း)

စပြောတဲ့အသံကိုက ခနဲ့တဲ့တဲ့
gu hai ကလဲ လုံးဝ အချဉ်ပေါက်နေတဲ့ပုံနဲ့

(အဲဒီအရည်မရ အဖတ်မရ အလုပ်တွေ မင်းပဲလုပ်)

(ငါအတည်ပြောနေတာ ခုမနက် ဆယ်နာရီအစည်းအဝေးရှိတယ်
မင်းအဖေပါ ပါမှာ မင်းလာမှရမယ်
ကုန်ပစ္စည်းအသစ်အတွက် မင်းရဲ့တင်ပြချက်လိုတယ် )

(ဘာပစ္စည်းမို့လဲ)

Gu yang က တက်ကြွပြီး
လေးနက်နေတဲ့အသံနဲ့
ဖြည်းဖြည်းပြောတယ်

(ကမ္ဘာအကြီးဆုံး ဇိမ်ခံ သဘောင်္ဆောက်ဖို့)

Gu hai အသံတိတ်သွားပြီ သူသွားမှ
ဖြစ်မယ်ဆိုတာ သိလိုက်တယ်
ပြီးတော့ စိတ်မချမ်းမြေ့ခြင်းတွေဟာ
ဒီရေတွေလိုပဲ တရိပ်ရိပ်တက်လာတယ်
လေးထပ်မြောက်က
စာသင်ခန်းလေးကိုကြည့်လိုက်မိတယ်
Gu haiအသံတိတ်သွားတော့

Addicted...( new  imagination ) book 2Where stories live. Discover now