Chapter (32) The enemy (Unicode)

571 46 18
                                    

ခေါင်းမိုးထပ်မှာ နွေလေရူးတွေက
Bai Lu Yin ရင်အပူမီးကို အရှိန်ပြင်းဖို့
ပိုတွန်းအားပေးနေတယ်

တစ်ယောက်တည်းအထီးကျန်နေတဲ့ကောင်လေးက
မျက်ရည်တွေကိုအဖော်ပြုယုံမှ တပါး
ဘာမှ လုပ်နိုင်စွမ်းမရှိတော့

ပြတ်သားနေတဲ့ Gu Haiကိုလည်းအံဩမိတယ်

ထူးဆန်းတာက ဒီလူကို
စိတ်နာမုန်းတီးရမယ့်အစား
ခုံမင်တက်မက်နေမိတာပဲ
လက်မလွှတ်ချင်တာပဲ
ဒီလူလက် ကိုအဆုံးထိ ဆုပ်ကိုင်ထားချင်နေတာပဲ
ဒီစိတ်ကို တော့ Bai Luo Yin ဘယ်လို မှချိူးနှိမ်လို့မှ မရသေး

Bai Luo Yinလည်း Gu Haiကို မုန်းချင်မေ့ချင်တာပေါ့
ဒါပေမယ့် သူ့ရဲ့ အစွဲအလန်းကြီးတဲ့စိတ်က
သူ့နှလုံးသားကို ဓားပါးပါးနဲ့ မွှန်းနေသလားဘဲ

အချိန်တိုင်းနာကျင်နေရပေမယ့်
ဓားသွားပေါ်က ပျားရည်စက်ကို ခုံမင်နေသလိုပဲ
သူအရူးအမူး ဖြစ်နေမိပြီ

သူ့ကိုယ်သူ ပြန် သုံးသပ်ကြည့်တော့
သူက
gu haiနဲ့ လုံးဝ မခွဲနိုင်ဘူး
Gu Hai အကြင်နာတွေ
............အယုအယတွေ
...........အလိုလိုက်တာတွေ
...........ပေးဆပ်ခဲ့တာတွေက
ဟန်ဆောင်ခဲ့တာမှ မဟုတ်တာ သူအသိဆုံး

ဒါတွေကိုလည်း ခဏအတွင်း ပျောက်ကွယ်ခွင့် သူမပေးနိုင်
အခု bai luo yinခေါင်းထဲမှာ
သူ့အကိုလည်းမရှိသလို
gu haiမိသားစုတွေလည်းမရှိဘူး

အရေးကြီးဆုံးက gu haiကို ပိုင်ဆိုင်ဖို့ပဲ

gu haiမရှိပဲ အိပ်စက်ရတဲ့ ညတွေက နွေ ပင်လယ်ကြီးလိုပဲ
ပူလောင်လှတယ် သူ့မျက်ရည်တွေက လေပူတွေဖြစ်ခဲ့ရတယ်

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်အရာတွေက ပဲတားဆီးပါစေ
Gu Haiရင်ခွင်ထဲမှာပဲ ညတွေကို ကုန်ဆုံးချင်တယ်

အခု Gu Haiရဲ့တန်ဖိုးကို သူ ပိုသိလာပြီ

gu haiက သူ့အတွက် မရှိမဖြစ်မိုးပဲ
သူရင်အပူကို ငြိမ်းသတ်ပေးမယ့် မိုးရေစက်လေးတွေပဲ

သူရင်ထဲမှာ သေချာပေါက်ယုံကြည်နေသေးတာပေါ့

Gu Haiသူ့ဆီ ကျိန်းသေ ပေါက် ပြန်လာမယ်ဆိုတာ
ပြန်လာအောင်လည်း သူအစွမ်းကုန်ထပ်ကြိုးစားမှာ

Addicted...( new  imagination ) book 2Where stories live. Discover now