Chapter (9)"Don't leave me"

1.7K 88 113
                                    

မနက်မိုးလင်းပြီးဆိုတဲ့ ကျိုးတိုးကျဲတဲ
နေအလင်းရောင်ဟာ
Bai luo yinမျက်နှာပေါ်ကို
. ...ဖြာကျလာတဲ့အခါ
မျက်လုံးနှစ်ခုကို အားယူပြီး
မဖွင့်ချင် ဖွင့်ချင်နှင့်
Bai luo yin.....ဖွင့်လိုက်ရတယ်

မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက
မဲနက်ပြီး ခန်ညားနေတဲ့
အလွန်စွဲဆောင်မူရှိတဲ့မျက်ဝန်းတစ်စုံ
လေးကိုင်းသဏ္ဌန် ကိုင်းညွှတ်နေတဲ့ နူတ်ခမ်းတစ်စုံ
အမြဲတမ်းတည်ကြည်လေးနက်နေတဲ့မျက်နှာ

မဟော့ရမ်းဘူး.....
မတွေဝေတတ်ဘူး.....
အကြောက်တရားမရှိဘူး.....
ခြုံပြောရရင်စွဲမက်ဖွယ်အလွန်ကောင်းတဲ့
လူငယ်လေးတစ်ယောက်

မိုးနတ်မင်းကြီးက
လက်ဆောင်ပေးလိုက်သလားတောင်ထင်ရတယ်

အဲဒီ အဖိုးတန်လေးက သူ့ကို
ရွှန်းရွှန်းစားစားကြီးကြည့်နေတာကိုတွေ့လိုက်ရတယ်
စိတ်ထဲ နှစ်လဲနှစ်သက်သလို
မကြည်လဲ မကြည်ဖြူချင်ဘူး
နှစ်ယောက်သား
မျက်လုံးချင်းအကြာကြီးကြည့်ပြီးနောက်
Bai luo yinသိချင်စိတ်ဖြင့်....

(မင်းအိပ်ကောအိပ်ရဲ့လား)

(ငါက အိပ်ကအောင်အရူးလား)

Bai luo yin အိပ်ရာနိုးနိုးချင်း
စိတ်ဓာတ်တွေ ရေတွင်းထဲရောက်သွားတယ်
ဒီအရူးတစ်ကောင်နဲ့တော့ခက်တယ်

(ဘာလို့မအိပ်တာလဲ)

Gu haiဟာ သူ့လက်တစ်ဖက်နဲ့
bai luo yinရဲ့ ပါးပြင်ကိုပွတ်သပ်လိုက်တယ်
ပြီးတော့မှ အလွန်ပူဆွေးနေတဲ့  အသံနဲ့

(မင်းနေမကောင်းတာ ငါက အိပ်နေစရာလား)

စောစောစီးစီး bai luo yinပါ ရူးချင်သွားသည်
Gu haiက ကလေးသာဆို
မှတ်သွားအောင် ရိုက်ပစ်လိုက်ချင်တာ

(မင်းတော့ ဆေးသောက်ဖို့ လိုနေပြီ)

Bai luo yinပြောပြီး .
gu haiလက်ကိုဆွဲဖယ်ကာ
အိပ်ရာပေါ်ကဆင်းသွားလိုက်တယ်....

Gu haiဟာ အိပ်ရာပေါ်မှာ မှေးနေတယ်
ခုမှ အိပ်ဖို့အါးယူနေသလိုပဲ
Bai luo yinမျက်နှာ သစ်ပြီးသွားလို့
့ပြန်ထွက်လာတော့ guhaiအိပ်ပျော်နေပြီ
လုံးဝအပြစ်ကင်းစင်တဲ့မျက်နှာမျိုးနဲ့

Addicted...( new  imagination ) book 2حيث تعيش القصص. اكتشف الآن