Chapter (7) Sexy Love

2.4K 93 162
                                    

Sexy Love 😍😝

Gu haiအိမ်ပြန်ရောက်လာတော့
bai luo yin ကထမင်းစားပွဲမှာ
အခန့်သားထိုင်နေတယ်
Gu haiကိုတွေ့တော့ gu haiထက်
လက်ထဲကမုန့်တွေကိုပဲအာသာငမ်းငမ်းကြည့်နေတာ

Gu hai က" နိုးနေပြီလား..."

Bai luo yinအားတက်သရော
ခလေးတစ်ယောက်လိုခေါင်းညိမ့်ပြတယ်
နှာခေါင်းက မုန့်ဆီကလာတဲ့ပူနွေးနွေးအနံကို
တရူံရူံနဲ့ခံနေတယ်
Gu Haiက
ပန်းကန်ကြီးတစ်ချပ်ယူယူပြီးမုန့်တွေထည့်လိုက်တယ်

Bai luo yin မုန့်တစ်ခုကို တူနဲ့ညှပ်ပြီးပါးစပ်ထဲ
အမြန်ထည့်လိုက်သည် ခံတွင်းထဲရောက်လာတဲ့
မုန့်ရဲ့အပူဓာတ်ဟာ သူ့ခန္ဓာကိုယ်ထဲကို
စိမ့်ဝင်နွေးထွေးစေတယ်

Gu haiစိတ်ထဲ နည်းနည်းတော့ခံပြင်းသွား
တကယ်ဆိုဒီမုန့်တွေ ဝယ်လာတဲ့သူကို
Bai luo yin နည်းနည်းတော့
အသိအမှတ်ပြုသင့်တယ်မဟုတ်လား
ခုတော့ ဒီကောင်လုပ်နေပုံ
သူ့ကိုရှိနေတယ်လို့တောင်မထင်

သူကိုလဲ စားပါဦးလို့တခွန်းတောင်မခေါ်ဘူး
ဘယ်လောက်တကိုယ်ကောင်းဆန်သလဲ

သူ့မျက်နှာကို တစ်ချက်လောက်သာကြည့်ရင်
အခုရင်ထဲကအစိုင်အခဲကြီး
ချက်ချင်းအရည်ပျော်သွားမှာ

ခုတော့

Bai luo yin ဒုတိယမြောက်မုန့်ကို
ပါးစပ်ထဲသို့သွင်းခါးနီး

"မင်းအခုစားနေတဲ့မုန့်က မိုးပေါ်က
ကျလာတာမဟုတ်ဘူးဆိုတာ
မင်းသိဖို့လိုတယ် yin zi"

Bai luo yinဒေါသထွက်သွားတယ်
Gu haiကို ဘုကြည့်ကြည့်လိုက်တယ်

"မင်းမုန့်တောင်မနာလို လိုက်ဖြစ်နေ
မိန်းမကြီးကျနေတာပဲ.."

Bai luo yin စကားက
gu haiရဲ့ အစိုင်အခဲကို
ဖော်ခွဲပစ်လိုက်သလိုပဲ

"ဘယ်သူက မိန်းမလဲ ဘယ်သူက အင်အားနဲတာလဲ
ဘယ်သူက ရူံးပြီဆို ရိုက်ကြီးတငင်ငိုတာလဲ"

Bai luo yinက စနက်တံကိုမီးရို့လိုက်တဲ့အတိုင်း
Gu haiဟာ ငယ်ကျိုးငယ်နာတွေ
ထုံးစံအတိုင်းဖော်ထုတ်တော့တာပါပဲ

ဒီလိုဖော်ထုတ်တာဟာ bai luo yinရဲ
့ဟန်ဆောင်မျက်နှာဖုံးကို
ခွာချနေတာပါပဲ
နောက်ပြီးဒါတွေဟာ သူ့ရင်ထဲမှာ
အမြဲကိန်းအောင်းနေတဲ့အရာတွေ

Addicted...( new  imagination ) book 2Where stories live. Discover now