Chapter (10) A gift for you

1.7K 88 196
                                    

Gu haiဟာ သူ့ရဲ့အားငယ်နေတဲ့
စိတ်ခံစားမူတွေ လျော့ပါးလာတဲ့အထိ
Bai luo yinကို ထွေးပိုက်ထားတယ်
သူ့ကိုယ်သူလည်းကြောက်နေမိတယ်
သူ့ဘဝမှာ အကြောက်ဆုံးအရာကို တွေ့လိုက်ရပြီ
သူ..ဒီတောင်ကို ကျော်နိုင်ပါ့မလား
တစ်နေ့တခြား သူ့အခြေအနေက ပိုပိုဆိုးလာပြီ
နောင်ဘာဖြစ်လာမလဲ မတွေးချင်တော့
ခုလက်ရှိအခြေအနေမှာ bai luo yinကို
သူ့အနားမှာ အမြဲရှိနေစေချင်တယ်
Bai luo yinသာ ငွေနဲ့ဝယ်ယူလို့ရရင်
သူဝယ်ထားလိုက်ချင်တယ်
Bai luo yinကို သူ့နံဘေးက ထွက်မသွားနိုင်အောင်
သူမှာရှိရှိသမျှ အရာအားလုံးနှင့်ချည်နှောင်တော့မယ်

Bai luo yinဟာ သူမှသူပဲဖြစ်စေရမယ်
သူ့ မေတ္တာတွေအင်အားကြီးလာတဲ့အခါ
Bai luo yinဟာ ရုန်းမထွက်နိုင်ဖြစ်စေရမယ်
ဟိုးအရင်က bai luo yinအပေါ်
အညံခံခဲ့တာ ဒီမိသားစုကိုမုန်းလို့
လက်စားချေချင်လို့
အခုအညံခံချင်တာ
တလောကလုံးမှာ bai luo yinကိုသာ
အလိုချင်ဆုံးဖြစ်လို့

အခု bai luo yinကို ဖက်ထားရာက
နေလျော့ပေးလိုက်တယ်
Bai luo yinဟာ သူ့ကို
အလွန်စိတ်မကောင်းဖြစ်နေတဲ့မျက်နှာနဲ့
ရီဝေစွာကြည့်နေတယ်
မျက်လုံးစိုစွတ်နေတာတွေကို
သူ့ လက်နဲ့ကြင်နာစွာသုတ်ပေးနေတယ်

Gu hai အိပ်ရာပေါ်မှာ ခြေထောက်နှစ်ချောင်းကို
ချိတ်ထိုင်လိုက်တယ်
ပြီးတော့ bai luo yinကို သူ့ရှေ့က နေရာပေါ်
လက်နဲ့ပုတ်ပြပြီး
အိပ်ရာ ပေါ်တက်ထိုင်ခိုင်းတယ်
Bai luo yinဟာ အကုန်နာခံတာ
အညို့ခံထားရသူလိုပဲ
နှစ်ယောက်သား
မျက်နှာချင်းဆိုင်ဖြစ်သွားမှ gu hai.က
သူ့အကျီင်္အောက်ခြေက အိပ်ကပ်ထဲကို
လက်ထည့်ထားတယ်
Bai luo yinကို နှစ်လိုစွာကြည့်ပြီး

( မျက်စိမှိတ်ထား..)

Bai luo yinဟာ
ကလေးတစ်ယောက်လို
ဘာကိုမှစောတကမတတ်ပဲ နာခံနေတယ်
gu haiမျက်လုံးထဲမှာ အရမ်းအပြစ်ကင်းစင်နေတာ

Bai luo yinဟာ ခုနက
ဝေးသွားတာကို တုန်လုပ်နေတုန်းပဲ
အခုအားလုံးစိတ်လျော့ထားလိုက်တယ်
Gu haiးစေညွှန်ရာအတိုင်း
သူ့စိတ်ထဲ gu haiဘာလုပ်ချင်နေတာလဲ
မမှန်းဆနိုင် မမှန်းလဲမမှန်းဆချင်

( မကြည့်နဲ့နော်)

Gu haiက ထပ်သတိပေးတယ်
Bai luo yinက
လိမ်လိမ်မာမာလေး ခေါင်းညိမ့်ပြလိုက်တယ်

Addicted...( new  imagination ) book 2Where stories live. Discover now