chapter 4" My hero,my life,my love"

2.4K 88 0
                                    

နောက်တနေ့မနက်မိုးလင်းတော့
နှစ်ယောက်သားပင်ပန်းလွန်းလို့
အိပ်ကြတာ အိပ်လို့ကိုမဝ
အိပ်လို့ကောင်းနေတုန်း....

အိမ် အပြင်က ခပ်ဆူဆူအသံကြောင့်
bai luo yin ရုတ်တရက်နိုးလာတယ်
ခဏလောက်မှေးပြီးအသံကို နားထောင်ကြည့်လိုက်တယ်

သူ့အဖေရဲ့ နာနာကျင်ကျင်အသံ ကြောင့်
သူလန့်သွာပြီး
အမြန်ပြေးထွက်လာလိုက်တယ်

အပြင်ရောက်တော့ လူသုံးယောက်က
မိုက်ရူးရဲဆန်စွာ အိမ်အဝင်ဝမှာရပ်နေကြတယ်

အဲလူ သုံးယောက်ရဲ့ မျက်နှာတွေက လူသေကောင်တွေနဲ့တူတယ်
ထိလိုက်တာနဲ့တောင် အဆိပ်သင့်သွားမလားထင်ရတယ်

".......အ..ဖေ....."
' bai luo yin, bia han qi ဆီပြေးသွားပြီး ပွေ့လိုက်တယ်

Bai han qi နူတ်ခမ်းပေါ်မှာသွေးစတချို့တွေ့လိုက်ရတယ်
ခေါင်းဆောင်လို့ထင်ရတဲ့ လူက
ဘေးနားက ခုံတစ်ခုံမှာဝင်ထိုင်ပြီး

"အကြွေးသာ မဆပ်တာ ဒီလောက်
ခြေအကောင်းလက်အကောင်းသားကို
ခင်ဗျားကျောင်းထားနိုင်သေးတယ် ဟုတ်လား."

" ငါ့သားကို ဘာမှဆွဲမထည့်နဲ့
မင်းတို့ပိုက်ဆံမပေးဘူးလို့ပြောနေလို့လားကွ
ခဏစောင့်ပါဦးလို့
မင်းတို့သူဋ္ဌေးကိုပြောထားပြီးသားလေ "

"ဘယ်အထိစောင့်ရမှာလဲ အဖိုးကြီး ခင်ဗျားသေတဲ့အထိလား "

Bai luo yin
မျက်စိထဲဘာမှမမြင်တော့ပဲ အဲဒီလူသုံးယောက်ဆီးပြေးကာ
တစ်ယောက်ရဲ့ ရင်ဝကို ခြေနဲ့ပစ်ကန်လိုက်ပြီး
လက်သီးနဲ့အဆက်မပြက်တိုးနှက်ပစ်လိုက်တယ်
ှူ့
သူ့လက်သီးရဲ့အချက်တွေဟာ
နာကြဉ်းမူတွေ
ဒေါသတွေနဲ့.....ပေါင်းစီးနေတယ်
သူရဲ့မေရိုးမှာ အကြောတွေထောင်လာတဲ့အထိ
အံကြိတ်ထားပြီး.......ထိုးနှက်နေတယ်

ဒါပေမယ့် bai luo yin ဘယ်လောက်ပဲ ခြင်္သေ
တစ်ကောင်လို သန်မာနေ ပါစေ
နောက်ဆုံးတော့ ခဏလေးအချိန်အတွင်းမှာပဲ

ခေါင်းဆောင်ကတောင်ထိုင်ရာမထပဲနဲ့
ကျန် နှစ်ယောက် က သူ့ကို သာသာလေး
ထိန်းချူပ်နိုင်ခဲ့တယ်
အိမ်နီးချင်းတွေလဲဝိုင်းအုံလာကြတယ်
ဒါပေမယ့်ဘယ်သူမှဝင်မကူရဲ....

Addicted...( new  imagination ) book 2Where stories live. Discover now