Chapter (12) Missing A First Love

1.5K 78 41
                                    

Bai luo yinကတော့ စိတ်တွေကောက်ကာ
အခန်းထဲက ထွက်မလာတော့ဘူး
Gu hai နဲ့ bai han qi မှာလည်း
အိမ်နီးနားချင်းတွေကို ဧည့်ခံနေရတာနဲ့
အချိန်ကုန်မှန်းမသိကုန်သွားတယ်

Gu hai က bai luo yin ကို ချော့ ချင်တယ်
နောက်ပြီး စလဲစချင်တယ် သူ့ မျက်လုံးထဲမှာ
Bai luo yinရဲ့ နူတ်ခမ်းစူ နေတဲ့
မျက်နှာလေးကို မြင်ယောင်နေမိတယ်

လောလောဆယ်တော့
သူမှာစိတ်ကူးယဉ်နိုင်တဲ့အဆင့်ပဲရှိသေးတယ်
Haohao လေးဟာ
ဧည့်သည်တွေ ပြန်သွားတဲ့အခါကျတော့
ဂျီကျလာတယ်
တဟင့်ဟင့်နဲ့ငိုနေတော့တယ်

gu hai ပခုံးပေါ် သူ့မေးလေးတင်ပြီး
ငိုနေတာ
gu hai ရင်ထဲမှာ
သနားကြင်နာစိတ်တွေ
ယိုဖိတ်လာတယ်
bai han qiလဲ
ဘာလုပ်ကမှန်းမသိတော့ ဘူး
သူလဲစိတ်မကောင်းဖြစ်နေတယ်
တတ်နိုင်သလောက်တော့ဘေးနားကနေချော့နေတယ်

(Da hai ကလေးက
သူ့ အမေကို သတိရနေသလားပဲကွာ)

Gu hai ခေါင်းညိမ့်ပြီး
အမူအရာနဲ့ ဖြေပြလိုက်တယ်
သူအိမ်ထဲမှာ ကလေးကို ချီပြီး
လမ်းပတ်လျောက်နေတယ်
နူတ်ကလဲ သီချင်းတိုးတိုးလေး
ဆို ညည်းပြီး haohao
  ကျောပြင်လေးကို လက်တစ်ဖက်နဲ့
ပွတ်သတ်ပေးနေတယ်

gu hai ပုံစံ ကတကယ့်
ကလေးအဖေအတိုင်းပဲ
သူမျက်လုံးထဲက
အကြင်နာမူတွေကို bai han qiမြင်နေရတယ်
gu haiဟာ ဘက်စုံထူးချွန်သူပါလားလို့
မှတ်ချက်ချမိတယ်

ကလေးကိုဂရုစိုက်နေတာ
အရွယ်လေးနဲ့တောင်မလိုက်ဘူး
Gu haiဘာကြောင့်
ဒီလောက်ပြီးပြည့်စုံနေတာလဲဆိုတာ
သူ ဘယ်လိုမှစဉ်းစားလို့မရ
အချိန်တိုင်း
လက်ရုံးရည် ကော နှလုံးရည်ကော ပြည့်စုံနေတဲ့သူပဲ

ဒါကို ဘာကြောင့်များ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာလဲ....
ဘာကြောင့်များ သူ့အသိုင်းအဝိုင်းက
ဖယ်ကျဉ်ထားရတာလဲ....
ဘာကြောင့်များ သူ့တို့လို
ချို့တဲ့လှတဲ့ လူတွေနဲ့
လာပေါင်းစပ်နေကတာလဲ.....

အမြဲတမ်း အနိုင်ကျင့်နေတဲ့သူ ရဲ့
ချစ်လှစွာသောသားyin ziကိုလဲ
သည်းခံနိုင်စွမ်းက
သူမျက်လုံးပြူးစေတဲ့အထိ
ဘာကြောင့်များ ခံနိုင်ရည်တွေရှိနေကတာလဲ.....
စတဲ့ မေးခွန်းပေါင်းစုံ နဲ့သူ့ ရင်ထဲမှာ
ရူပ်ရှက်ခက်နေတော့တယ်

Addicted...( new  imagination ) book 2Where stories live. Discover now