Chapter (30) The Last Star

1.1K 68 25
                                    


Zawgyi

စာသင်ခန်းထဲက
bai luo yinက
သူ့ရှေ့က ဆရာ စာသင်တာနေတာကို
အာရုံစိုက်ဖို့ ကြိုးစားနေတယ်

ဒါပေမယ့် သူ့မျက် လုံးတွေက
နာရီလက်တံတွေဆီမှာပဲရစ်ဝဲနေတယ်
သူ ရင်ထဲမှာလေပွေတစ်ခုက
တိုးဝင်မွှေနှောက်နေတယ်

ဒီ လေနှင်ဒဏ်ကြောင့်
သူနှလုံးသားလေးပြုတ်ထွက်တော့မယ်
သူ ဘယ်ဘက်လက်နဲ့
သူ့ရင်ဘက်ကို ဖိထားမိတယ်

ရှေ့က အစိမ်းရောင် သင်ပုန်းပေါ်မှာ
ငိုကြွေးနေတဲ့
ချစ်သူမျက်နှာထင်ဟပ်နေတယ်
ဘေးနားက
you qiက တောင် သတိထားမိသွားပြီး
သူ့ကို တီးတိုးမေးလာတယ်

(မင်း နေမကောင်း ဘူးလား?)

ဒါက Bai luo yin အတွက်
အချက်ပေး လိုက်သလိုပဲ

Bai luo yinရဲ့
လက်တစ်ဘက်လေ
ထဲကို​ထောင် လိုက်တယ်

(အပြင်ထွက်ခွင့်ပြုပါ)

ဆရာက ခေါင်း ညိမ့်ပြတော့
bai luo yinက အလျင်အမြန်
သူ့ လွယ်အိတ် ထဲ
laptop ကောက်ထည့်ကာ
အမြန်ပြေး ထွက် လာမိတော့တယ်
ဒါ ချစ်သူမျက်နှာကို တွေ့နိုင် ဖို့
နောက်ဆုံးအခွင့်အရေးပဲ

သူ့ မာနတွေ ပစ် ချဖို့
အချိန်ကောင်းပဲ

တကယ် လို့များ မတွေ့ လိုက်ရရင်
ဘဝတလျောက်လုံး
အသက်ရှင် ဖို့တောင်
ခွန်အားမရနိုင်တော့

သူ့ မျက်ဝန်းတွေထဲမှာ
gu haiနဲ့. ချစ်ကြည်နူး ခဲ့ ကြတဲ့
အချိန်တွေကို
ပြန်မြင်ယောင်မိလာတယ်

gu haiရဲ့ အကြင်နာတွေက
သူ့အတွက်တော့
ကမ္ဘာ ပေါ်က ပန်းတွေ
ထက်တောင်နူး ညံ သိမ်မွေ့ စွာနဲ့
သူ့ နှလုံးသားကို
သိမ်းပိုက် ထားနိုင်ခဲ့တာ
သူ အသိဆုံး

Gu haiက သာ
သူ့ ဘဝရဲ့ ကွက် လပ်တွေကို
ဖြည့်စွက်နိုင်တဲ့
ညဏ်ရည်အထက်မြတ်ဆုံး
မှော် ပညာရှင်ပဲ

gu haiက သာ
သူ ကျန်းမာပျော်ရွှင်စေတဲ့
ဆေးတစ်ခွက်ပဲ

Gu haiက သာ....
Gu haiကသာ...

Bai luo yin သူ စီးလာတဲ့
အငှါးကား အမြန်နူန်းကို
လိပ်တစ်​ကောင်သွားနေတယ် လို့
ထင် နေမိတယ်
သူ့ စိတ်တွေရဲ့ အမြန် နူန်းက
ငလျင် လိုင်းတစ်ခု လိုပဲ
မိနစ်ပိုင်းအတွင်း
ကမ္ဘာကို ဆယ် ပတ်လောက်ပတ်ပြီးနေပြီ

Addicted...( new  imagination ) book 2Where stories live. Discover now