Chapter (17) ...An Adventure Wedding in the wood

1.6K 68 17
                                    

Gu Wei Ting ရဲ့ကြောက်စရာ
မျက်နှာ က သူ. ရုံးခန်းထဲမှာ
ကြီးစိုးနေတယ်
သူ ရှေ့က Gu Yang ကတော့
gu wei ting ထက် စားပွဲပေါ်က
ဓာတ်ပုံတွေပို ပိုစိတ်ဝင်စားကာ
သဲသဲမဲမဲ မလူပ်မရက်
စိုက်ကြည့်နေတယ်...

Gu Hai နဲ့ bai luo yin ပုံတွေ
စက်ဘီးစီးနေတဲ့ပုံတွေ
ဈေးရောင်းနေတဲ့ပုံတွေ
လမ်းပေါ်တွေမှာ လူပ်ရှားသွားလာနေတဲ့
ပုံတွေ နောက်တော့

sun jing wei က
အပို့ အကြို လုပ်ပေးတဲ့ပုံတွေ
you qi ရယ်
Yang Meng တို့နဲ့ ပုံတွေ

ဒီပုံတွေက
gu wei ting ရုံးရဲ့ ဧည့်ခန်း ထဲက
စားပွဲပေါ်မှာ
စိတ်ရှိတိုင်းနေရာယူထားကြတယ်
Gu Yang ကစိတ်ထဲမှာတော့
သူ မသိဘူးပဲ ငြင်းဖို့လုပ်ပြီးသား
gu haiလာမှ
သူဘာသာရှင်းပစေလို့
ဆုံးဖြတ်ထားတယ်
သူတို့ကြားထဲ ဘာမှဝင်မစွက်ဖက်ချင်
သူနဲ့မဆိုင်သလိုနေမယ်လို.လဲ
ဆုံးဖြတ်ထားတယ်
ဒါကြောင့် တည်ငြိမ်နေတယ်

သူ နဲ့
မတူတာက တော့
sun jing wei သူ ခန္ဓာ ကိုယ်က
ဒွရာအပေါက်ပေါင်းများစွာကနေ
ကြောက်လန့်နေတဲ့ အရည်တွေ
တာကျိုးသလိုပဲ အရှိန်အဟုန်နဲ့
ပြေးထွက်နေတယ်

ခဏခဏကိုယ့်အသားကို
ပြန်ဆွဲလိမ်ကြည့်နေတယ်
** ငါသေပြီလား
ရှင်နေသေလား** ဆိုပြီး
ဒီလို သေလုမျောပါးခံစားနေရချိန်
gu wei ting ရဲ့
ဟိန်းသံကြီးထွက်လာတယ်

(Sun jing wei မင်းပြော မင်းက
ငါ့ လူလား da haiလူလား
ငါ့အပေါ်မင်းသစ္စာဖောက်ရဲတယ်ပေါ့ )

Sun jing wei ဟာ
လုံးဝခေါင်းမဖော်ဘူး
ဘာမှလဲပြန်မပြောရဲဘူး
အဖေ ထက် စိတ်ပိုကြီးတဲ့
သားအကြောင်းကိုသိလို့
နောက်ပြီး gu haiကိုလည်း
သားတစ်ယောက်လို
ချစ်တာလဲပါတယ်

အခုအသက်သာ ပေးလိုက်မယ်
gu haiအကြောင်းဘယ်တော့မှ
ထုတ်မပြောဘူးလို့ ဆုံးဖြတ်ထားတယ်
သေရမယ်ဆိုရင်လည်း
gu wei ting လက်နဲသာ
သေပါစေတော့ လို
စိတ်ဒုန်းဒုန်းချထားတယ်

ဆိုဖာပေါ်ထိုင်ကာ
ဓာတ်ပုံတွေပေါ် မျက်လုံးမခွာဖြစ်နေတဲ့
Gu Yang ပုံစံက လည်း
သူ့ကို ကယ်တင်ချင်တဲ့အရိပ်
အယောင်တစ်စက်မှ မတွေ့

(ခု gu haiကို ဖုန်းခေါ်စမ်း.)

Sun jing wei ဖုန်းကို
တုန်တုန်ရီရီနဲ့ ထုတ်လိုက်တယ်
ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်တော့
သူ့ မျက်လုံးတွေကဝေဝါးနေတယ်
gu haiဖုန်းနံပတ်ကိုကြိုးစားပြီး
အတော်ရှာယူနေရတယ်...

Addicted...( new  imagination ) book 2Where stories live. Discover now