Episode3

31.2K 2.7K 34
                                    

​တောင်ကြီးက ​ရောက်ကတည်းက မီးငယ်​လေးကို ပန်းချီဆွဲနည်းသင်​ပေးလိုက်၊သူတီးချင်တဲ့ ပီယာနိုတီး သင်​​ပေးလိုက်၊မမ​ယောက္ခမ အန်တီ​မေနဲ့ စကား​ပြောလိုက်၊တစ်ခါတစ်​လေ NUACမှာ ခင်ခဲ့တဲ့ သူငယ်ချင်း​တွေနဲ့သွား​တွေ့ရင်း ပန်းချီပြပွဲလုပ်ဖို့ ​ဆွေး​နွေးလိုက်နဲ့ ရန်ကုန်​ရောက်စ နှစ်ပါတ်တာကာလဟာ အဆင်​ပြေ​ပြေရှိလှပါတယ်။

လွန်ခဲ့တဲ့၃နှစ်၊ပါပါးနဲ့မာမား အက်ဆီးဒန့်နဲ့ ဆုံးစဥ်တည်းက သား​​လေးလို သ​ဘောထား​ပေးပါ့မယ်၊​သော်က​,လေး ဘာမှအားမငယ်ပါနဲ့ဆိုတဲ့ စကား​တွေကို အမြဲတ​စေ တည်​စေခဲ့တဲ့ အန်တီ​​မေနဲ့အန်ကယ်​​ကျော်ကို ပို​လေးစားရပါတယ်။

အရာရာအဆင်တ​ပြေရှိ​နေရင်းကပဲ သားကိုကိုပြန်လာ​တော့မှာ၊သားနဲ့ တစ်ခါမှ မ​တွေ့​ပေးရ​သေးဘူးဆိုတဲ့ အန်တီ​မေ့စကား​ကြောင့် နည်းနည်း​တောင် ရှုံ့မဲ့ချင်စိတ်​ပေါက်သွားရတယ်။

သူ့အိမ်သူ ပြန်လာမယ့်ကိစ္စကို မင်းက ဘာလို့ စိတ်ညစ်​နေရလဲလို့ ​မေးနိုင်ပါတယ်။
ဟုတ်ပါတယ်၊သူပိုင်တဲ့အိမ်ပဲဟာ သူပြန်လာလို့ရတာ​ပေါ့​လေ။ပြသနာက တစ်ခါမှမသိတဲ့လူ​တွေနဲ့ဆို ဘယ်လို​ပေါင်းသင်းဆက်ဆံရမလဲ မသိတဲ့ ကျ​နော့်ရဲ့စိတ်ပါပဲ။

အရင်က အိမ်ကိုဧည့်သည်လာမယ်ဆိုရင်​တောင် စ​တော်ဘယ်ရီစိုက်ခင်းရှိတဲ့ ခြံထဲမှာ ပန်းချီဆွဲမယ်ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ သွား​ရှောင်​နေတတ်တဲ့အထိ လူမှု​​ရေး​ကောင်းလွန်းလှတဲ့ ကျ​နော်က သူများအိမ်မှာ​နေပြီး အခန်းထဲတင်​​အမြဲ​အောင်း​နေလို့လည်း မရ။အသက်ပဲ ၂၄နှစ်​ဖြစ်​နေပြီ၊ဒီလိုကြီးဖြစ်​နေတာ​တော့ ကိုယ့်ကိုယ်ကိုလည်း သိပ်မကြိုက်လှပါဘူး။ဘာပဲ​ပြော​ပြော ပါရဂူဘွဲ့​တောင်ယူထားတဲ့ ဆရာဝန်ဆို​တော့လည်း ကိုယ့်ထက်​တောင် ပို​အေး​ဆေးတည်ငြိမ်​​နေ​ဦးမှာပါပဲ။

"​လေးငယ်​ရေ..​လေးငယ်၊ဘာ​တွေ​တွေး​နေတာလဲ၊မီး​ခေါ်တာ​တောင် မကြားဘူး"

ဆူ​အောင့်​အောင့်အသံနဲ့ လက်ကို ခပ်ကြမ်းကြမ်းဆွဲအလှုပ်ခံရမှပဲ လူက ​တွေး​​နေရာက​နေ သတိဝင်​တော့တယ်

Unexpected Love(Completed)Where stories live. Discover now