Episode30

19.1K 1.3K 52
                                    

>>>Time skip>>>>

ကျ​နော့်ရဲ့ရှင်းပြချက်ကို လက်ခံနားလည်​​ပေးတဲ့ ငယ်က မင်္ဂလာပွဲကိုအတူတူတက်ဖို့ သ​ဘောတူလိုက်တယ်။
အ​ကြောင်းစုံကိုသိသွား​တော့ ​မေ​မေက နည်းနည်း​တော့ ဆူတာ​​ပေါ့၊ဒီသူငယ်ချင်း​တွေကိုပဲ ကိုယ့်ကို​ချောက်တွန်းတာ​တောင် တွယ်တာ​နေရလားဆိုပြီး​ပေါ့။ငယ်က​တော့ သူကိုယ်တိုင်လိုက်ချင်လို့ အတူသွားဖို့​ပြောတာပါဆိုပြီး ​မေ​မေမဆူ​အောင် ကာ​ပေး​သေးတာ။တစ်ကယ်ပါ ငယ်က သိပ်ချစ်ဖို့​ကောင်းပြီး သိပ်သိတတ်တဲ့​ကောင်​လေး။နှစ်​ယောက်ထဲရှိချိန်မှာ ကျ​နော့်အ​ပေါ် ဘယ်​လောက်ဆိုးဆိုး၊လူကြီး​တွေ​ရှေ့​ရောက်ရင် ကျ​နော့်အမှားမဖြစ်ရ​လေ​အောင် အမြဲကာ​ပေးတတ်တာ။ငယ်က သူ့​ဘေးကလူ​တွေအ​ပေါ်ဆို နည်းနည်း​လေး​တောင် အထိအခိုက်မခံချင်တဲ့ ​စိတ်ထားဖြူစင်တဲ့ ​ကောင်​လေး။

မနက်ဖြန်မနက် မင်္ဂလာပွဲသွားပြီးရင် နှစ်​ယောက်သား ​တောင်ကြီးကို သွားကြဖို့ စီစဥ်ထားတယ်။အိမ်ကလူ​တွေက မပင်ပန်းရ​အောင် ​လေယာဥ်စီးပြီးသွား​စေချင်တာ၊ဟဲဟိုး​လေဆိပ်ကို အကြိုလွှတ်ဖို့ စီစဥ်​ပေးချင်တာ။နှစ်​​ယောက်အတူ ကား​မောင်းရင်း သွားချင်တဲ့ ကျ​နော်တို့နှစ်​ယောက်က ကားနဲ့သွားဖို့ပဲ ​ရွေးလိုက်တာ။နှစ်​ယောက်ထဲအတူ ခရီးသွားရတဲ့ အရသာကို ကျ​နော်​ရော၊ငယ်​ရော သ​ဘောကျတယ်​လေ။

ဒီ​နေ့ ​မေ​မေနဲ့မမြတ်ကလည်း သူ့မိတ်​ဆွေအလှူသွား၊မီးငယ်လည်း ​​​​ကျောင်းသွားတာမို့ ဘယ်မှသွားစရာမရှိတဲ့ ကျ​နော်တို့နှစ်​ယောက်ပဲ အိမ်မယ် ကျ​န်​နေခဲ့ရတယ်။အရင်​နေ့​တွေက​တော့ ငယ်က သူ့သူငယ်ချင်းမြတ်​သူနဲ့ သွား​တွေ့​သေးတယ်။နှစ်​ယောက်အတူလည်း ဟိုဟိုဒီဒီသွား၊ငယ်စားချင်​နေတဲ့ ​ကြေးအိုးဆီချက်တို့၊ဝက်သားတုတ်ထိုးတို့လည်း သွားစားဖြစ်ကြ​သေးတယ်။
အရင်ပြန်လာတဲ့ အချိန်​တွေတုန်းကတော့ သူငယ်ချင်းအဖွဲ့နဲ့ အပြင်သွားတာ၊ခရီးထွက်တာ​တွေ လုပ်​လေ့ရှိပြီး၊အိမ်ကပ်ချိန်ရှားပါး​​ပေမယ့် ခု​တော့ ​ပြောင်းပြန်​ပေါ့။ကိုနိုင်​ပြောလို့ ကျ​နော်ပြန်​ရောက်​နေတာ သိသွားကြတဲ့ သူငယ်ချင်း​တွေက ကျ​နော့်ကို ဆက်သွယ်လာကြ​၊​သောက်ဖို့​ပြောကြ​ပေမယ့် ကျ​နော်ငြင်းလိုက်မိတယ်။
ကျ​​နော့်အမျိုးသား​လေး စိတ်မချ၊စိတ်ပူပန်ဖြစ်​နေရမယ့် ကိစ္စမျိုးကို ကျ​နော်မလုပ်နိုင်ဘူး​လေ။

Unexpected Love(Completed)Where stories live. Discover now