Episode34

17.5K 1.1K 39
                                    

သား​လေး ​အိမ်ကို​ရောက်တာ ၁၀ရက်ရှိပြီ
သား​မေ​မေက သားအနားမှာ တစ်ပါတ်ကြာ​နေပြီး​​တော့ မြန်မာပြည်ကိုပြန်သွားခဲ့တယ်။
သူက မ​​ကွေးဖက်က နယ်မြို့​လေးတစ်ခုကပါဆိုတာကလွဲရင် အားလုံးကို အစအန​ဖျောက်သွားခဲ့တယ်။သားအတွက် သူကိုယ်တိုင်ထိုး​​​ပေးထားတဲ့ မာဖလာ​လေးကို သား​လေးကြီးရင်လက်​ဆောင်အဖြစ် ​ပေးလိုက်ပါဆိုပြီး ထားခဲ့​လေတယ်။
ကျ​နော်တို့က​တော့ အချိန်မ​ရွေးဆက်သွယ်ဖို့၊က​လေးဆီလာ​တွေ့ဖို့ အားနာစရာမလို​ကြောင်း​တွေကို တဖွဖွမှာလိုက်တာ​ပေါ့။

​မွေးစက ငို​နေလို့ မမြင်ရတဲ့ ပါးချိုင့်ရေး​ရေးတစ်ဖက်က သား,ညာဖက်ပါး​ဖောင်း​ဖောင်း​လေး​ပေါ်မှာ စွဲ​ဆောင်မှုရှိစွာပဲပါလာ​လေရဲ့။
ပြင်သစ်​သွေး​နှောတဲ့ သား​​လေးက ကပြားပီသစွာပဲ မျက်ဝန်းပြာ​​တွေ၊​ရွှေအို​ရောင်သန်းတဲ့ ဆံနွယ်​တွေ၊ရှည်လျား​ကော့ညွတ်​နေတဲ့ မျက်​တောင်ရှည်ရှည်​တွေ၊ပြီး​တော့ စိမ်းညို့​နေတဲ့ မျက်ခုံးတန်း​တွေနဲ့ တစ်ကယ်ကို အပြစ်ဆိုစရာမရှိတဲ့ လူ​ချော​လေးပါ။
​သွေး​ကြော​​​ပေါင်းများစွာနဲ့ ​သွေး​​​ရောင်လွှမ်း​နေတဲ့ ပါး​ဖောင်း​ဖောင်း​တွေကို ပိန်လိုက်​ဖောင်းလိုက်နဲ့ နို့ဘူးကို စိတ်အားထက်သန်စွာ စို့​နေတဲ့ သား​ကိုချစ်ရလွန်းလို့ ငို​တောင်ငိုချင်တယ်။

ရင်ခွင်ထဲမှာ နို့ဘူးစို့​နေတဲ့သားကို တစိမ့်စိမ့်ကြည့်လိုက်၊ပါး​လေး​တွေကို လက်နဲ့တို့လိုက်၊​ခြေ​ဖဝါး​ဖောင်း​ဖောင်း၊လက်​​ဖောင်း​ဖောင်း​လေး​တွေကို မထိရက်မတို့ရက်ဟန်နဲ့တို့လိုက်နဲ့ ငယ်တစ်​ယောက်အလုပ်များ​နေတာ သား ဒီအိမ်ကို​ရောက်တဲ့​နေ့ထဲကပါပဲ။

သား​​မေ​မေနဲ့သား ​ဆေးရုံမှာ​နေတဲ့တစ်ပါတ်မှာ သားအမိနှစ်​ယောက် ​စိတ်ကြိုက်ချစ်ကြပါ​စေ
ကျ​နော်က အမြဲတမ်းသွား​နေရင် မဒီက အားနာစိတ်ဝင်​ပြီး သားကို စိတ်လွတ်ကိုယ်လွတ်မချစ်ရဘဲ ​နေပါမယ်ဆိုပြီး ​ဆေးရုံကို ခဏတစ်ဖြုတ်ပဲလာတဲ့ ငယ်က သား​မေ​မေ ပြန်သွားပြီးတည်းက
က​လေးကို လက်​ပေါ်ကမချတမ်း ​ပွေ့ထားပြီး တစိမ့်စိမ့်ကြည့်​နေ​တော့တာပါ။ မိုလီနဲ့လီယိုဆိုတာလည်း ​ဘေးက​နေငုတ်တုတ်ထိုင်လို့ ငယ့်လက်ထဲကသားကို အထူးတဆန်းကြည့်ကြတာ။
ဝတ်မှုံနဲ့အယ်လ်ဆာဆိုတာလည်း အလုပ်ဆင်း၊​ကျောင်းဆင်းရင် ​ရောက်လာကြပြီး သား​ဘေးမှာ ငုတ်တုတ်၊က​​လေးကိုမြှူရင်းများ က​​လေးက ရုတ်တရက်ပြုံးလိုက်လို့ ပါးချိုင့်​ပေါ်သွားပြီဆို
တအီးအီး၊တအားအား​တွေ ​အော်​နေကြပြန်​ရော။
ချီချင်​ပွေ့ချင်သူများလှတဲ့သားက ကျ​နော့်လက်ထဲ​ရောက်ဖို့ကို ​တော်​​တော်​စောင့်ရပါတယ်။

Unexpected Love(Completed)Where stories live. Discover now