Christmas Present extra☃️

7.3K 566 46
                                    

အပြင်မှာ နှင်​တွေ​ဖွေး​ဖွေးလှုပ်​အောင် ကျဆင်း​နေတာကို မမှိန်မသုန်ထိုင်ကြည့်​နေတဲ့ အထူးပုဂ္ဂိုလ်၃ဦး
အပြင်ထွက်ခွင့်ပိတ်ခံထားရလို့ နှင်း​တွေကို မ​ကျေမနပ်နဲ့ ​မေတ္တာထိုင်ပို့​နေခြင်း​ပေပဲလား

ကိုကိုးအတွက် ​ချောကလက်ကိတ်မုန့် ဖုတ်ပြီးလို့ အ​ပေါ်တက်လာ​တော့ မြင်ရတဲ့မြင်ကွင်းက အသဲယားစရာအတိ
၃နှစ်သားပန်းသီးလုံးသည် ခရစ္စမတ်သစ်ပင်ပုံ​တွေပါသည့် အနီ​ရောင်အင်္ကျီနဲ့ အစိမ်း​ရောင်​ဘောင်းဘီကို ဝတ်ထားပြီး ​မှန်နံရံ​ရှေ့မှာ ​ထိုင်ပြီး အပြင်ကို​ငေး​နေကာ၊လက်ထဲမှာကလည်း နှင်းလူသားရုပ်ကို ကိုင်ထား​သေးသည်။
​​ဘေးမှာ​တော့ မာဖလာကိုယ်စီပတ်ပြီး သခင်လို ​ဆောင့်​ကြောင့်ထိုင်​နေတဲ့ လီယိုနဲ့မိုလီ
၃​ယောက်​ပေါင်းပြီး အပြင်ကို​ငေး​နေကြတာ အခန်းတံခါးဖွင့်သံကြားတာ​တောင် လှည့်မကြည့်တာက သူတို့ကို အပြင်ထွက်ခွင့်မပြုလို့ စိတ်​ကောက်​နေတဲ့သ​ဘော။

"ပါပါးပန်းသီးလုံး​လေး​ရေ..."

​ခေါ်လိုက်​တော့ ​ခေါင်း​လေးကိုအသာငဲ့လို့ နှုတ်ခမ်းစူရင်း လူကိုငဲ့ကြည့်လာတဲ့ ​ပေါက်စ​လေး
နှုတ်ခမ်းစူထားတာမို့ နဂို​ဖောင်း​နေတဲ့ပါး​တွေက ​ပေါက်စီလုံးလို မို့​ဖောင်းပြီး အ​အေးဓါတ်​ကြောင့် နီရဲကာ​နေပြီ။

"ပါပါးအသက်က​လေး​ရေ...ပါပါး​ခေါ်တာကို မထူး​တော့ဘူးလားဗျာ" လို့ ကုတင်​ပေါ်ထိုင်ရင်း ​မေးလိုက်​တော့

"ဟင့်"ဆိုပြီး နှုတ်ခမ်းစူလို့ မှန်ပြင်ဆီ ​ခေါင်းပြန်လှည့်သွား​လေတယ်။​ဘေးက ရဲ​ဘော်ရဲဖက်နှစ်​ယောက်ကလည်း ​တစ်ချက်က​လေး​တောင် လှည့်မကြည့်။လိုက်လည်းလိုက်ကြပါ​ပေတယ်။

စိတ်​ကောက်​​နေသူ​တွေကို ထိုင်ကြည့်ရင်း msgဝင်လာတာမို့ ကြည့်လိုက်​တော့ ကြောင်​တွေဝတ်တဲ့ အ​နွေးဖိနပ်​ပေါက်စ​​လေး​တွေကို ပုံရိုက်ပို့တဲ့ ကိုကိုးရဲ့msg
'စိတ်​ကောက်​နေကြတုန်းလား ငယ် ..ကိုကိုး ဒီမယ် ဝယ်လာပြီ'ဆိုတဲ့ စာ​​ကြောင့် '​ကောက်​နေတုန်းပဲ'လို့ ပြန်​ပို့ရင်း ရယ်မိတယ်။
မှန်နံရံမှာ တွယ်ကပ်​နေကြတဲ့ ရဲ​ဘော်ရဲဖက်၃​ယောက်ပုံကို ပုံရိုက်ပြီး ကိုကိုးဆီပို့​တော့
ရယ်​နေတဲ့အရုပ်​လေးပြန်ပို့ပြီး..'ကိုယ် ပြန်လာ​နေပြီ'လို့ ​ပြော​လေတယ်။

Unexpected Love(Completed)Where stories live. Discover now