Episode13

24.1K 1.9K 27
                                    

​သင်တန်းပြီးတဲ့အချိန် မမရဲ့ ဖုန်း​ခေါ်လို့ရပြီလားဆိုတဲ့ စာ​ကြောင့် messengerက​နေ ​ခေါ်လိုက်​တော့ မီးငယ်ရဲ့"နှင်း​တွေထဲ​နေချင်လို့၊ပါးငယ် လာ​ခေါ်ပါ"ဆိုတဲ့ အသံ​​ကြောင့် ရယ်မိရတယ်။
ဟိုဟိုဒီဒီစကား​တွေ​ပြောရင်း ဘူတာဆီသွားဖို့ပြင်​နေတုန်း ​ခြေ​ထောက်ဆီက ပွပ်သပ်မှုတစ်​ခုကြောင့် ကြည့်လိုက်​​တော့ ​လော​လောလတ်လတ်ဖြစ်လာပုံရတဲ့ ရန်ပွဲထဲက​နေ ထွက်လာပုံ​ပေါ်တဲ့ ကို​ရွှေ​ကြောင်။
တ​ညှောင်​ညှောင်​အော်ရင်း ​ခြေ​ထောက်နားမှာ တိုး​ဝှေ့​နေပုံအရ ပင်ပန်းပြီး ဗိုက်ဆာလာပုံရတယ်။​မီးငယ်တို့ကို နှုတ်ဆက်၊ ​ကျောပိုးအိတ်ထဲက မုန့်ထုပ်ယူပြီး ​ကျွေး​တော့ အာသာငမ်းငမ်းနဲ့ စား​လေရဲ့။​ဘေးမှာ အသာထိုင်၊​ကျောကိုပွတ်​ပေးရင်း "ငါ့​နောက်လိုက်မလား"လို့ သူ့တိုင်းပြည်ရဲ့ ဘာသာစကားနဲ့ ​မေး​တော့ နားလည်သလို ​မော့ကြည့်​နေတဲ့ မျက်ဝန်းစူးစူး​တွေ
​ရေဘူးထဲက​ရေကို ထုတ်တိုက်ပြီး မတ်တပ်ပြန်ရပ်​တော့ ​မော့ကြည့်​နေတယ်။လက်နှစ်ဖက်နဲ့ အသာ​ပွေ့​တော့ ရင်ခွင်မှာ ​ခေါင်းမှီပြီး မှိန်း​နေပြန်တယ်။စစ်သူကြီးတစ်​ကောင် တိုက်ပွဲ​တွေကြား ပင်ပန်းလာပုံပါပဲ။သူတို့လို ဂျင်ဂျာ​ကြောင်မျိုး​တွေက ​ကြောင်မအ​ရေအတွက်ထက် အထီးအ​ရေအတွက်က ပိုများလို့လားပဲမသိ၊​​ကြောင်မတစ်​ကောင်ကြည်ဖြူဖို့ အုပ်စုဖွဲ့ပြီး ဗိုလ်လုရင်း ​
​စော်လိုက်တာ သူတို့အကျင့်ပဲ။
အခုလည်း ရာသီဥတုအေး​အေးမှာ ဒဏ်ရာမျိုးစုံနဲ့ ဗိုလ်လုရင်း ရန်ပွဲ​တွေ နွှဲလာပုံပါပဲ။နား​ရွက်​နောက်ဖက်၊ဂုတ်ပိုးနဲ့တင်ပါး​တွေမှာလည်း ​သွေးစ​တွေနဲ့ ဒဏ်ရာတစ်ချို့။ထူထပ်လာတဲ့နှင်း​ကြောင့် ပိုကြုံ့သွားတဲ့ကိုယ်​လေးက သနားစဖွယ်အတိ

"​ကောင်ဆိုး​လေး၊ဒဏ်ရာ​တွေ​ပျောက်​အောင် ကု​ပေးမယ်၊​ကြောင်ဝတုတ်​လေးဖြစ်​အောင် ​​လုပ်​ပေးမယ်၊ငါ့နားမှာ​နေ​​နော်"​ခေါင်း​လေးကိုပွတ်ရင်း တိုးတိုး​လေး​ပြော​တော့ နားလည်သလို မျက်လုံး​လေးလှန်ကြည့်တယ်။နှင်း​တောထဲက​နေဖြတ်ရင်း ဘူတာမ​ရောက်ခင်က တိရစ္ဆာန်​ဆေးဆိုင်မှာ​ဝင်ပြီး အနာလိမ်းဖို့​ဆေး၊​ကြောင်စာတစ်ချို့နဲ့ရှန်ပူဝယ်လိုက်တယ်။လိုတာက​တော့ ​နောက်မှဖြည်းဖြည်းချင်း စဥ်းစား​တော့မယ်။
ရထား​ပေါ်မှာလည်း လူ​တွေကို ဂျစ်ကန်ကန်နဲ့လိုက်ကြည့်​နေတဲ့ တစ်ကယ့်လူဆိုး​ကောင်​လေးပါဗျာ။
ဘူတာက​နေ ၁၀မိနစ်​လောက် လမ်း​လျှောက်ပြီး
အိမ်ကို​ရောက်​တော့ ကိုယံက မရှိ​နေ​တော့ဘူး။
ဖုန်းကစာဝင်သံ​တော့ ကြား​​​တော့ လက်မအားလို့ ထုတ်မကြည့်​ဖြစ်​ပေမယ့် ကိုယံပို့ထားတာကို​တော့ သိလိုက်ပါတယ်။ကျ​နော်မ​ရောက်​သေးတဲ့အချိန်​တွေ အလုပ်သွားရတဲ့ ကိုယံက မသွားခင် အမြဲစာပို့ထား​နေကျမို့ ဒီအချိန်ဝင်တဲ့စာက ကိုယံ့ဆီကဆိုတာ အလိုလိုသိ​နေတာမျိုးပဲ။
ခြံတံခါးကိုဖွင့်ရင်း
"​ဟေး ​ကောင်​လေး၊ဒါက မင်းရဲ့​နေရာအသစ်ပဲ
ငါတို့နဲ့အတူတူ အကြာကြီး​နေ​ပေး​​နော်"

Unexpected Love(Completed)Where stories live. Discover now