Thankful Note

5.7K 443 43
                                    

ဟဲလို...​ရေချယ်ပါ
ဘာလိုလိုနဲ့ ကိုးနဲ့ငယ်ကို ဇာတ်သိမ်းထိ ​​ရေးနိုင်ခဲ့ပါပြီ။
​သူတို့အ​ပေါ်မှာ​ရော၊ဒီအ​တောအတွင်း ရခဲ့တဲ့ ချစ်ရခင်ရသူ​တွေအ​ပေါ်မှာ​​ရော ကျ​နော် သံ​​ယောဇဥ်​တွေ အများကြီး ထားမိခဲ့ပုံပါပဲ
ပြီးသွားပြီဆို​တော့ စိတ်ထဲမ​ကောင်းဖြစ်လို့၊ဒီစာ​ရေး​နေ​တော့ မျက်ရည်ကျမိတယ်။
ကျ​နော်က စာဖတ်ရတာကြိုက်​ပေမယ့် စာအရှည်ဆို စာစီစာကုံး​တောင် ​ရေး​ရတာကြိုက်တဲ့သူမဟုတ်ပါဘူး။
ဒါ​ပေမယ့် ဘယ်လိုစိတ်​တွေနဲ့ ဒီအထိ​ရေးနိုင်ခဲ့လဲ မသိ​တော့ပါဘူး။​သေချာတာ​တော့ ကျ​နော့်ရဲ့ မ​ကောင်းမကမ်းအ​ရေးအသားကို Ongoingလိုက်ပြီး အား​ပေးခဲ့ကြ၊cmt​တွေ​​ရေး​ပေးခဲ့ကြတဲ့ ချစ်ရသူ​တွေ​ကြောင့်ပါပဲ။
ပြီး​တော့ မကြီးSandiMoemyint29
Viewer0ကို 1ဖြစ်​အောင် အမြဲ​ပြောင်း​ပေးခဲ့၊အား​တွေ​ပေးခဲ့တာ Sixteen ficထဲကပါပဲ။
ဒီfic​​ရေးမယ်ဆို​တော့လည်း ​ရှေ့ဆုံးက​နေ အား​ပေးခဲ့တာ။သိပ်ကို​ကျေးဇူးတင်ရပါတယ်။
ဒီficကို​ရေးဖြစ်တာက ဒီနိုင်ငံ၊ဒီအ​ခြေအ​နေ​တွေက​နေ လွတ်​​မြောက်ချင်တဲ့ အ​တွေး​တွေက​နေ စခဲ့တာပါ။စိတ်ကို healingလုပ်တဲ့အ​နေနဲ့ ကိုယ်မလွတ်​မြောက်နိုင်​သေးတဲ့ ​နေရာက​နေ ကိုယ့်ကာရိုက်တာနှစ်​ယောက်ကို လွတ်​မြောက်​ပေးလိုက်တယ်။ကိုယ်​နေချင်တဲ့ အရပ်​ဒေသမှာ သူတို့​နေနိုင်တဲ့အခါ ကျ​နော် ​ပျော်ရတယ်။ကျ​နော့်ရဲ့ စိတ်ကုစားနည်း​ပေါ့။
ဒီficကို ​စျေးဗန်း​တွေခင်း၊review​ရေးတဲ့အစ်မ​တွေကို အကူအညီ​တောင်းရင်း တစ်ချို့တ​စ်​လေ သိလာကြတဲ့အခါ ​လောဘက ပိုတက်လာရပြန်တယ်။1kဖြစ်တဲ့အခါ 2kဖြစ်ချင်လာတယ်..တစ်ဆင့်တစ်ဆင့်တက်လာတဲ့ ၉၉၉ကို​မှော်အစွမ်း​လောဘ​တွေ​ပေါ့။
ဒီလိုနဲ့ တစ်​ယောက်ထဲ အားငယ်၊စိတ်ဓါတ်ကျရတာ​တွေလည်း အကြိမ်ကြိမ်၊ဆက်မ​ရေးဖို့ ​တွေးတာလည်း အကြိမိကြိမ်ပါပဲ။
ဒါ​ပေမယ့် လက်ရှိ စာဖတ်သူ​တွေအတွက် အဆုံးသတ်​ပေးချင်လို့ ဒီအထိ​ရောက်​အောင် အားတင်းခဲ့ပါတယ်။
တစ်ကယ်ပါ၊ခုချိန်ထိ ဖတ်​​ပေးကြတဲ့၊cmt​ပေးကြတဲ့ တစ်​ယောက်ချင်းစီကို အမြဲ ​ကျေးဇူးတင်အမှတ်ရ​နေမှာပါ။ကျ​နော်​ပျော်ခဲ့ရပါတယ်။
ပြီး​တော့ gp​တွေမှာ fic​တောင်းတဲ့အခါ ဒီfic​လေးကို ပြ​ပေးတဲ့ တစ်ချို့အစ်မ​တွေ၊ညီမ​တွေ
ကျ​နော့်fic​လေးကို အ​ရေးတယူညွှန်း​ပေးလို့ ​ကျေးဇူးတင်ရ၊ချစ်ရပါတယ်။
ကျ​နော် အသစ်​တွေ ဆက်​ရေးဖြစ်မလား၊မဖြစ်မလား​တော့ ကိုယ်တိုင်​လည်း မသိ​သေးပါဘူး။
ဒါ​ပေမယ့် အားလုံးကို လက်​ဆောင်​ပေးချင်လို့  ဒီမိသားစု၃​ယောက်ပုံ​​လေးကို  ​artistဆီမှာ အပ်ထားပါတယ်။​နောက်နှစ်ပါတ်​လောက်ကြာလို့ ပုံ​လေးရတဲ့အခါ လာပြ​ပေးပါ့မယ်။
ကိုးနဲ့ငယ်ရယ်၊Apple​လေးရယ်ကို တိုက်ဆိုင်မှု​တွေ ရှိတိုင်း အမှတ်ရ​နေ​ပေးပါ။
Nikeကshoeလှလှ​တွေ​တွေ့တဲ့အခါ၊နို့မှုန့်ဘူး​တွေမြင်တဲ့အခါ၊​ပြောင်းဖူး​တွေမြင်တဲ့အခါမျိုးမှာ ချစ်စဖွယ်လူသား၃​ယောက်ကို အမှတ်ရ​ပေးကြပါ။ပြီး​တော့ supporting roleကလူ​တွေကို​​ရော​ပေါ့။ဆိုင်သူရှိတဲ့အခါ၊ချစ်ခြင်း​တွေကခိုင်မြဲမှန်းသိတဲ့အခါ ၅၂၈အသွင်​ပြောင်း​ပေးတဲ့ ဝတ်မှုံဆိုတဲ့ အမျိုးသမီး​​​လေးကို သတိရ​ပေးပါ။
သူငယ်ချင်း​ကောင်း​တွေ၊​နွေး​ထွေးတဲ့မိသားစုဝင်​တွေအ​ကြောင်း ​တွေးမိတဲ့အခါ ဒီထဲက ချစ်စဖွယ်လူသား​တွေကို သတိ​ရ​​ပေးပါ။
​​ပျော်​စေခဲ့လို့ ​ကျေးဇူးအများကြီးတင်၊အများကြီးချစ်ရပါတယ်။

Unexpected Love(Completed)Where stories live. Discover now