Episode9

27K 2.4K 79
                                    

မနက်၆နာရီပဲရှိ​သေး​ပေမယ့် မုန့်ဟင်းခါးချက်မယ့် ဆရာ​ကြီးက တက်တက်ကြွကြွကို ပြင်ဆင်​နေပါ​တော့တယ်။
သူတစ်​ယောက်ထဲ​တော့မဟုတ်ဘူး၊ကျ​နော့်ကိုပါ
သူ့ကို ကြည့်ကူပါဆိုပြီး အိပ်ရာထဲကထခိုင်းပြီး
မီးဖိုးခန်းထဲဆွဲ​​ခေါ်လာတာ

ကြက်သွန်နီတန်ခိုးနဲ့ မျက်ရည်ကျ​နေတဲ့ ​ကောင်​လေးလက်ထဲက ဓါးကိုဆွဲယူပြီး အခွံသင်​ပေးဖို့ ပြင်ရတယ်
မွှန်ထူပြီး မျက်လုံးမဖွင့်နိုင်ဘဲ လက်ဓါးရှမိမှ ကျ​နော် ရင်ကျိုးရဦးမယ်
ကျ​နော်​ပြောပါတယ်၊လူနာ​တွေရဲ့ ရင်ဘတ်ကို ဓါးနဲ့ခွဲဖို့ လက်မတွန့်​ပေမယ့်၊ငယ့်လက်​ချောင်း​လေးကို​တော့ ဓါးရှရာ​တောင် အထင်မခံ​စေချင်ပါဘူးဗျာ။
ပိုတယ်ထင်လည်း ပိုတယ်​ပေါ့ဗျာ
ဒါမျိုးက ကြုံဖူးမှ နားလည်တာမျိုးပဲ​လေဗျ

နှစ်​ယောက်သား လက်တည့်စမ်းပြီး ဟို​မွှေဒီထည့်လုပ်ပြီး ​နောက်မှာ​တော့ ပွက်ပွက်ဆူ​နေတဲ့ ဟင်းရည်အိုး​က မုန့်ဟင်းခါးရည်ရုပ်​တော့ ​ပေါက်လာပါတယ်။
ကြိုပြုတ်ထားတဲ့ ကြက်ဥ​တွေကို တစ်​​ကျော့ပြန်ထည့်ပြီး အိုးကြက်ဥလုပ်ရတယ်။
ဘဲဥရှားတဲ့​​​အရပ်မှာ ကြက်ဥကိုပဲ ဘဲဥအသွင်​ပြောင်းရင်း စားရ​တော့မှာပဲ၊မတတ်နိုင်ဘူး။

မုန့်ဖတ်​တွေကို ​ဇကာနဲ့စစ်​နေတုန်း ဟင်းရည်ဇွန်းကို တဖူးဖူးမှုတ်ပြီး ပါးစပ်နား​​တေ့​ပေး၊မြည်းကြည့်ခိုင်းတဲ့ ​ကောင်​လေး
စပါးလင်နံ့​မွှေး​မွှေးနဲ့ ငါးအရသာအပြည့် မုန့်ဟင်းခါးက ငယ့်ရဲ့ကြိုးစားမှု​တွေ အရာထင်တယ်ပဲ​ပြောရမယ်

"Woow sound good ငယ်
တစ်ကယ်ကြီးမိုက်"

တထင့်ထင့်ဖြစ်​နေတဲ့စိတ်က မျက်လုံးပြူး၊လက်မ​ထောင်ပြီး ချီးကျူး​နေတဲ့ ကိုယံ့​ကြောင့်
Master chefမှာ ​​အေပရွန်ရလိုက်တဲ့ ပြိုင်ပွဲဝင်လို ခံစားလိုက်ရတယ်

"ဟီး တစ်ကယ်​​နော် ကိုယံ
သူတို့​ရောကြိုက်​လောက်ပါ့မလား"

"တစ်ကယ်ပါကွာ၊သူတို့လည်း ကြိုက်မှာ မပူနဲ့
တစ်ချိန်လုံး ကိုယ့်ကို နားပူ​နေခဲ့ကြတာ၊ကိုယ်က လုပ်မ​ကျွေးလို့ သူတို့မစားရတာ
အခုမှ သူတို့ဂွင်​တွေ့တာ"

Unexpected Love(Completed)Where stories live. Discover now