Episode19

22.6K 1.7K 45
                                    

ရက်သတ္တပါတ်​တစ်ချို့ကို ဖြတ်သန်းပြီး​​နောက်
တစ်​နေ့တစ်ခြား ပို​ပျော်ရွှင်၊ပိုသွက်လာတဲ့ ငယ့်ကိုမြင်ရတာ သိပ်​​​ကျေနပ်ဖို့​ကောင်းတယ်။
ဒါက ကျ​နော်နဲ့အတူ​နေရတာကို ငယ်​ပျော်​နေတယ်ဆိုတဲ့ သင်္ကေတ​တွေပဲမဟုတ်လား။
အမှန်တိုင်း​ပြောရရင် တာဝန်သိစိတ်၊တာဝန်ယူလိုစိတ်ဆိုတာ​တွေနဲ့ စခဲ့တဲ့ ဒီခရီးမှာ အနည်းနဲ့အများ​တော့ အဖုအထစ်​တွေရှိမှာ၊စိတ်မ​ပျော်ရွှင်ရတာ​တွေရှိမှာကို စိုးရိမ်မိတဲ့အခါ​တွေလည်း ရှိခဲ့ပါတယ်။ထိုစိုးရိမ်စိတ်​တွေဟာ အပိုပူပန်မှုသပ်သပ်တွေပါဆိုတာ​တော့ ငယ်က သက်​သေပါပဲ။

ဒီ​နေ့က ခရစ္စမတ်မ​ရောက်ခင် ၂ရက်အလို၊တစ်နည်းအားဖြင့် ကျ​နော့်​မွေး​နေ့မ​ရောက်ခင် နှစ်ရက်အလို​ပေါ့။ငယ်တစ်​ယောက်က​တော့ လွန်ခဲ့တဲ့အပါတ်​တွေထဲက မုန့်လုပ်နည်းvideo​တွေကြည့်ပြီး ခရစ္စမတ်ကွတ်ကီးလုပ်ဖို့ အလုပ်​တွေရှုပ်​နေခဲ့တာပဲ။ပိတ်ရက်​ပေါင်းစုံနဲ့ ​ကျောင်းပိတ်​နေ​လေ​တော့ တစ်​ယောက်တည်းကို အလုပ်ရှုပ်​နေ​တော့တာပဲ။ကျ​နော်က​တော့ ​ဆေးရုံသွားမြဲသွား​နေရဆဲမို့ ငယ့်​လောက်​တော့ အိမ်မကပ်နိုင်ဘူး။
အခုလည်း ပိတ်ရက်ကို မနက်၇နာရီတည်းက အိပ်ရာထသွား​လေရဲ့။ဒီခရစ္စမတ်အမှီ ကွတ်ကီးလုပ်တတ်ဖို့နဲ့ ကျ​နော့်အတွက် ​မွေး​နေ့ကိတ်လုပ်ဖို့ကိုပါ ကျိတ်ကြံ​နေတာ ကျ​​နော်သိပါတယ်။

ကျ​နော့်သူငယ်ချင်း​တွေနဲ့ အဘိုးအဘွားအများစုရှိတဲ့​ဂေဟာကို သွားပြီးတည်းက ငယ်က အဲ့ကအဘိုးအဘွား​တွေနဲ့​ရော က​လေး​လေး​တွေနဲ့ပါ ခင်လာခဲ့တာ။တစ်ချို့ဆန်း​ဒေး​တွေမှာ မုန့်​တွေ၊ပစ္စည်း​တွေဝယ်ပြီးပဲ အဲ့ကို သွား​နေ​တော့တာ​လေ။ဒီမှာက အသက်ကြီးလာရင်လည်း သူ့​ထောက်ပံ့​ကြေးနဲ့သူ၊စာရင်းသွင်းပြီး ​နေစရာပါရတာမျိုးရှိ​ပေမယ့် အဲ့လိုရဖို့မပြည့်စုံတဲ့ တစ်ချိူ့အဘိုးအဘွား​တွေအတွက် ​ဂေဟာလိုမျိုးလုပ်ထားတာပါ။ပြီး​တော့ တစ်ချို့စွန့်ပစ်ခံက​လေး​တွေလည်း ရှိ​ပေမယ့် မိဘမဲ့​ဂေဟာလို အများကြီးလက်ခံတာမျိုးမဟုတ်ပါဘူး။

လူတစ်​ယောက်က ဘယ်​လောက်စိတ်ထားမွန်မြတ်လည်းဆိုတာ က​လေး​တွေ၊မသန်မစွမ်း​တွေ၊သက်ကြီးရွယ်အို​တွေ၊တိရစ္ဆာန်​​လေး​တွေကို ပြုမူတာကြည့်ပြီး သိမြင်နိုင်တယ်ဆိုကြတယ်။
​ဂေဟာမှာ အဘိုးအဘွား​တွေရဲ့ သန့်ရှင်း​ရေးကအစ စိတ်ရှည်ရှည်လုပ်​ပေး၊က​လေး​​​တွေဆိုးသမျှကို အပြုံးမပျက်သည်းခံ​ပေးတဲ့ ငယ့်ကိုမြင်ရတာ ပီတိဖြစ်ပြီး ဂုဏ်ယူမဆုံးဖြစ်ရတယ်။ငယ်က သိပ်စိတ်ထားနှူးညံ့ပြီး သ​ဘောထားပြည့်ဝတဲ့​ကောင်​လေး။သူ က​လေးဆန်တဲ့အချိန်ဆိုလို့ ကျ​နော့်အနားကပ်ပြီး အချွဲတုံးလုပ်တဲ့အချိန်ပဲရှိမယ်။

Unexpected Love(Completed)Where stories live. Discover now