Episode35

17.7K 1.1K 26
                                    

Happy birthday Jayden
Happy birthday Apple
Happy birthday lil Jay
Happy birthday မြတ်ဘုဏ်းယံ
Happy birthday TT's puu kyuu
Happy birthday lil bro

ထိုအသံ​တွေဟာ သား​မွေး​နေ့ကိုလာကြတဲ့ သူ့ရဲ့ ​ခေါင်းကိုင်အ​ဖေအ​မေ​တွေ၊သူ့အဖွား၊သူ့အ​ဒေါ်၊သူ့အစ်မနဲ့ ​ဘေးအိမ်က အဖိုးနဲ့အဖွားရဲ့ နှုတ်ဆက်သံ​တွေ​ပေါ့။
လီယိုနဲ့မိုလီကို ​ဘေးမှာထားလို့ မိန့်မိန့်ကြီးထိုင်​နေတဲ့ ၁နှစ်သား အူကျူးက​တော့ လက်​ဆောင်ဘူး​တွေ၊အရုပ်​တွေကိုကြည့်ရင်း အလုပ်ရှုပ်​နေ​လေရဲ့။
ဘယ်နာမည်ကို​ခေါ်​ခေါ် သူ့​ခေါ်တာမှန်း မှတ်မိ​နေတဲ့ အ​ကောင်​ပေါက်​လေးက တစ်ကယ်အံ့သြစရာ
​မေ​မေနဲ့မမ​ပေးလိုက်တဲ့ ကျ​နော်တို့နှစ်​ယောက်လုံး နာမည်​တွေပါတဲ့ သူ့မြန်မာနာမည်ကို လည်း သူ​ရှေ့ ၅ခါ​​လောက်​ခေါ်ပြလိုက်တာနဲ့ မှတ်မိ​နေပြန်​ရောပဲ။
မြင့်မြတ်​ကောင်းမွန်တဲ့ ဘုန်းတန်ခိုး​တွေ ပြည့်စုံခြံရံ​​နေတဲ့ အဓိပ္ပါယ်နဲ့ ​​မေ​မေ​ပေးတဲ့ မြတ်ဘုဏ်းယံဆိုတဲ့ နာမည်​လေးကို ကျ​နော်​ရော၊ကိုယံပါ သ​ဘောတကျရှိကြတယ်။

လူစုံတက်စုံစားကြ​သောက်ကြ​တော့ မီးငယ်ရယ်၊သားရယ်၊လီယိုနဲ့မိုလီရယ်က ဧည့်ခန်းမှာ​ဗြောင်းဆန်​အောင် ​ဆော့​နေကြတယ်။
လမ်း​လျှောက်တတ်ခါစ Apple​​လေးကလည်း တလှုပ်လှုပ်နဲ့ကို ​ပြေးလွှား​နေ​​တော့တာ။
ဒီတစ်နှစ်အရွယ်မှာ​တောင် ဒီ​လောက်ဆို ​​ကြီးလာရင် ဘယ်လို​တွေ​တောင် ​သောင်းကြမ်းဦးမလဲ ​တွေးမိရင်း ​သွေးတိုး​နေရတယ်။

ည၁၀နာရီ​ကျော် အားလုံးပြန်သွားတဲ့အထိ မအိပ်​သေးတဲ့သားက ဒီညအဖို့ အိပ်ဖို့​မေ့​နေပုံရတယ်။
ပုံမှန် ည၈နာရီဆိုအိပ်တဲ့သားက အိပ်ချိန်​ရောက်လို့ သွားသိပ်တာ​တောင် လုံးဝမအိပ်ဘဲ ဂျီကျလို့
​ဧည့်ခန်းကို ပြန်​ခေါ်လာခဲ့ရတာ။

​မေ​မေတို့၃​ယောက်ကို ကျ​နော်တို့အခန်းမှာ ​နေခိုင်းထားတာမို့၊ကျ​နော်နဲ့ကိုယံက သားအခန်းထဲမှာ ​မွေ့ယာအထူခင်းပြီး အိပ်ကြတာပါ။
မအိပ်​သေးဘဲ လက်​ဆောင်ရတဲ့ စက်ရုပ်​လေး​တွေ၊ကား​လေး​​တွေကို လက်ကမချတမ်း သံ​​ယောဇဥ်​တွေဖြစ်​နေတဲ့ ကိုအ​ကြောတင်း​လေးကို အိပ်ခိုင်းဖို့ ကြိုးစားရတယ်။

Unexpected Love(Completed)Where stories live. Discover now