Episode22

19.6K 1.5K 72
                                    

ပူ​​ခြစ်ခြစ်အထိအ​တွေ့​ကြောင့် လန့်နိုးလာ​တော့ မနက်၅နာရီ
လူကိုဖက်ထားရင်း ​တဟင်းဟင်းညည်းညူ​နေတဲ့​ကောင်​လေးဟာ ​သေချာ​ပေါက်ကိုဖျား​နေပါပြီ။
မ​နေ့ည အရမ်း​အေး​နေတဲ့အချိန် ​မြေ​အောက်ဘူတာမှာ ဘာအခင်းမှမပါဘဲ ၂နာရီနီးပါးထိုင်​​​နေခဲ့တာရယ်၊ပြန်လာ​တော့ ​ရေချိုးခန်းထဲမှာ အချိန်​တွေကြာကုန်တာရယ်၊hangoverဖြစ်တာရယ်​ အကုန်စုံပြီး ဖျားတဲ့အဆင့်ကို​ရောက်သွားပြီထင်ပ။

"ငယ် အရမ်းချမ်း​နေတာလား...ခဏထလိုက်ဦး​​နော်၊ကိုယ်​ဆေးတိုက်မယ်
ငယ် ဖျား​နေပြီ"

"ဟုတ်..ကျ​နော် အရမ်းချမ်း​နေတယ် ကိုး"

"အင်းအင်း..​ဆေး​သောက်လိုက်ရင် သက်သာသွားမှာပါ...ဘာမှမဖြစ်ဘူး​နော်၊ဒီတိုင်းအ​အေးမိသွားတာ"

မျက်လုံးမဖွင့်နိုင်တဲ့ ​ကောင်​လေးကို ဆွဲထူလို့​ဆေးတိုက်ပြီး ပြန်သိပ်ရတယ်။
တဘက်ကို​ရေစိမ်လို့ နဖူး​​​ပေါ်တင်​ပေးပြီး တစ်ကိုယ်လုံးကို ​ရေပတ်တိုက်၊အပူကျ​​တော့ ဝတ်စုံအသစ်လဲ​ပေးပြီး​တော့ ​ယုန်ဖြူ​လေးက ပြန်အိပ်​မောကျသွားတယ်။
အိပ်မ​ပျော်​တော့တဲ့အတူတူ ​အောက်ထပ်ဆင်းပြီး ကြက်​ပေါင်းလုပ်၊ဆန်ပြုတ်ပြုတ်ဖို့ ပြင်ရတယ်။ဒီပုံစံအတိုင်းဆို ဒီည ငယ့်ကိုတစ်​ယောက်တည်း အိမ်မှာထားခဲ့လို့ အဆင်မ​ပြေနိုင်။
​ဆေးရုံကို​​ခေါ်သွားပြီး ကိုယ့်အခန်းထဲမှာပဲ လိုက်အိပ်ဖို့​ပြောရမယ်။လီယိုကို့​တော့ ​​ဆေးရုံ​ခေါ်လို့အဆင်မ​ပြေတာမို့ အခန်းတံခါး​တွေဖွင့်​ပေးပြီး ထားခဲ့ရမယ်။ကျ​​နော်တို့ အလုပ်သွားတိုင်း သူတစ်​ကောင်ထဲ ​နေ​နေကျမို့ သိပ်​တော့ပြသနာမရှိ။
ပြီး​တော့ ဘယ်လိုပဲပြတင်းတံခါး​တွေ ဖွင့်ခဲ့ပါ​စေဦး၊အပြင်ကိုထွက်မသွားတာလည်း အိမ်​ပြေး​ကြောင်ဖြစ်ခဲ့တဲ့ လီယို့ဆီကရတဲ့ အံ့အားသင့်ဖွယ်အပြုအမူပဲ။

အ​ပေါ်ပြန်တက်လာ​တော့ နိုး​နေပြီဖြစ်တဲ့ငယ်
သူ့ရင်ခွင်ထဲဝင်​ထိုင်​နေတဲ့ လီယို့ကိုပွတ်သပ်​ပေး​နေရင်း ကျ​နော့်မြင်​တော့ ဖန်မျက်လုံးအိမ်​တွေကို သနားစဖွယ်လုပ်ရင်း ကြည့်​နေတယ်။ဆူပူချင်တဲ့ စိတ်​တွေလည်း ကြက်​ပျောက်ငှက်​ပျောက်ပါပဲ။
ဒါ​ပေမယ့် မဖြစ်​သေးဘူး၊နည်းနည်း​တော့ ဆူရမယ်၊ဒါမျိုးက အရမ်းအန္တရာယ်များတဲ့ ကိစ္စ
မ​ကောင်းတဲ့လူ​တွေနဲ့​တွေ့ရင် ဒုက္ခများမှာ။

Unexpected Love(Completed)Where stories live. Discover now