Episode12

23.7K 2K 6
                                    

ဒီ​​နေ့ အလုပ်သွားဖို့အတွက် စိတ်ထဲမှာ ​တော်​တော်လှုပ်ရှား​နေတယ်။အ​​ကြောင်းက​တော့ ကျ​နော့်ကို စူးစူးစိုက်စိုက်လိုက်ကြည့်တတ်တဲ့ ဟို​ရွှေဝါ​ရောင် ဂျင်ဂျာ​ကြောင်​လေးကို ​တွေ့မလားဆိုတဲ့ အ​တွေး​ကြောင့်​ပါ။ကိုယံ့ဆီက ခွင့်ပြုချက်လည်း ရပြီဆို​တော့ သူသာလိုက်လာရင် အိမ်​ခေါ်ပြီး ​မွေးစားထားလို့ရပြီ။
​ဒီလိုနှင်း​တွေကျပြီး ​အေးခဲ​နေတဲ့အချိန်မှာ သူ့ကို ဇိမ်ကျကျ​နွေး​နွေး​ထွေး​ထွေး​လေး ​နေ​စေချင်တယ်။​ဘယ်လို​ရေစက်လဲ​တော့မသိ၊​အိမ်​​ပြေး​ကြောင်​လေး​တွေ ​ပေါလှတဲ့ ဒီမြို့မှာ ထို​​ကြောင်ကိုမှ ​ရွေးပြီး မြင်မြင်ချင်းသံ​ယောဇဥ်ဖြစ်မိ​နေတယ်။ဒီ​နေ့​ထပ်​တွေ့ရင်​တော့ ​​​ခေါ်ကြည့်ဖို့ အပီအပြင်ဆုံးဖြတ်ထားတယ်။
ကိုယံက ဒီတစ်ပါတ် ညဂျူတီဝင်ရမယ့် အလှည့်ဆို​တော့ မထ​သေးဘဲ အိပ်​နေဆဲပဲ။
ကျ​နော်က​တော့ နှစ်​ယောက်မနက်စာစားဖို့ ​ပေါင်မုန့်မီးကင်ခြင်းနဲ့​ကော်ဖီနှပ်ခြင်းအမှုကို ပြု​နေတာပါ။ပြီး​တော့ ကိုယံ့အတွက် ကညွှတ်​​ကြော်နဲ့ ဆယ်လ်မွန်ငါးကို ဆီနည်းနည်း၊​ရေနည်းနည်းနဲ့ အိုးပူတိုက်​ပေးလိုက်တယ်။Saladက​တော့ နှစ်​ယောက်လုံးအကြိုက်မို့ ဖန်ဇလုံအကြီးကြီးထဲမှာ
ဆလပ်အစုံ၊cherry tomato,cucumber,avocado,carrot​တွေကို dressingနဲ့ နယ်ပြီး တ​နေကုန်စားကြတာမို့ မပါမဖြစ်လုပ်ရတယ်။ကိုယံဆိုတာ တစ်ခါတစ်​လေ ​နေ့လည်စာကို ထမင်းမစားဘဲ၊ Saladတစ်မျိုးတည်း စားတတ်တဲ့အထိ သူက ကြိုက်တာ။
အားလုံးပြင်ပြီး​တော့ ၈နာရီ။အခန်းထဲပြန်ဝင်​တော့ ကိုယံက အိပ်​ပျော်​နေတုန်း။ ပြုံး​ယောင်သမ်း​နေတဲ့မျက်နှာ၊​ယောက်ျားပီသတဲ့ နှုတ်ခမ်းထူထူရဲရဲနဲ့ နှာတံချွန်ချွန်​တွေက အိပ်​နေတာ​တောင် အ​ချောမပျက်​စေဖို့ သူ့ကို ပံ့ပိုးထားပုံရပါတယ်။
​ချောနိုင်လွန်းသူကို နှာ​ခေါင်းရှုံ့ကြည့်ရင်း ​ရေချိုးခန်းဝင်ရတယ်။​​
ခဲမတတ်​အေး​နေ​ပေမယ့် က​လေး​တွေနဲ့​နေချိန်မှာ​ရော၊အတန်းတက်တဲ့ အချိန်မှာ​ရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က ​ရေချိုးမှဖြစ်မယ်​လေ။​သွေးပူ​​​လေ့ကျင့်ခန်းလုပ်ပြီး ​ရေပူဖွင့်၊ဘုရားတရင်း ​ရေချိုးရတယ်။
ပြန်ထွက်လာ​တော့ အိပ်​နေတဲ့ ကိုယံ့ကို နှိုးဖို့ပြင်ရတယ်။မဟုတ်ရင် ကျ​နော်သွား​တောင် သူနိုးမှာ မဟုတ်​တော့ဘူး။မနှိုးဘဲ တိတ်တိတ်​လေးထွက်သွားတာမျိုးကို သူမကြိုက်ဘူး။ကျန်တာ​တွေမှာ စိတ်မဆိုးတတ်​ပေမယ့် မနက်စာအတူမစားဘဲ သွားတာမျိုးကို စိတ်ဆိုးတတ်တဲ့သူမို့ ​နှိုးမှရမယ်။
ညစ်ကျယ်ကျယ်​ပေါ်လာတဲ့ အ​တွေး​ကြောင့် လက်က​ရေစက်လက်​တွေကို မျက်နှာ​ပေါ်အသာတို့လိုက်တယ်။​​အေးလွန်းလို့ထင်ပ၊ရှုံ့ခနဲမဲ့သွားတဲ့ မျက်နှာနဲ့ မျက်လုံး​တွေ ဖွင့်လာတယ်။

Unexpected Love(Completed)Where stories live. Discover now