Episode23

18.3K 1.5K 63
                                    

ကျ​နော့်ရဲ့ စိတ်တိုမှု၊မျက်နှာတည်မှု၊စကားစပ်မိတိုင်း အဲ့လိုအ​တွေး​တွေဝင်ရလားဆိုပြီး ဆူပူမှု​တွေဟာ တနင်္ဂ​နွေမှာ ငယ့်ကို Asia martကို ​စျေးဝယ်ဖို့လိုက်ပို့ရင် ကျ​နော်ပြန်အရစ်ခံရမယ့် အလှည့်ဆိုတာသိရင် အပြင်သွားရ​အောင်လို့ လျှာမရှည်ဘဲ အိမ်မှာတင်​နေမိမှာပါ။

​နေ​ကောင်းခါစ စိတ်​ပြေလက်​ပျောက်ဖြစ်​အောင် အပြင်​ခေါ်ထုတ်လာမှ စိတ်မ​ပြေဘဲ ​ကောက်စိန်ငယ်​လေးဖြစ်​အောင် ဖန်တီး​ပေးသွားတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရ​တော့မှာပဲ။

ပြန်လာတည်းက စကားတစ်ခွန်းမှမ​ပြော​တော့ဘဲ
တစ်ဖက်အလုပ်ခန်းထဲဝင်သွားတာ ခု ညစာစားချိန်​ရောက်တဲ့ထိထွက်မလာ​တော့တာပဲ။
စိတ်​ကောက်​နေလား​မေးရင်လည်း မ​ဟုတ်ပါဘူးလို့ မျက်နှာ​သေနဲ့​ဖြေတာ တစ်လမ်းလုံးပါပဲ။
ရှင်းပြဖို့ပြင်ရင်လည်း နားမ​ထောင်ချင်ပါဘူး၊စိတ်ထဲမယ် ဘာမှမရှိပါဘူးလို့ ​​ဖြေ​သေးတာ။
တစ်ကယ်ပါ၊မျက်လွှာချ၊နှုတ်ခမ်းစူပြီး တစ်လမ်းလုံး တရားမှတ်​နေသလို မလှုပ်မယှက်လိုက်လာတာ၊အရင်က snack​တွေဝယ်ပြီး တဂျွတ်ဂျွတ်တဂျွမ်းဂျွမ်းနဲ့ စားတတ်တဲ့​​ကောင်​လေးက သူမဟုတ်သလိုပါပဲ။

ငယ်ကြိုက်တဲ့ whipped creamနဲ့ဘယ်ရီသီးကို ပန်းကန်လုံးထဲထည့်၊အ​စေ့အဆံမျိုးစုံကို အ​​ပေါ်ကထပ်ဖြူးပြီး မျက်နှာချို​သွေးရင်း ​ချော့ဖို့ အ​ပေါ်ထပ်ကိုတက်ပြီး တံခါး​ခေါက်​တော့

"ဘယ်သူလဲ"

ခွီး၊လူနှစ်​ယောက်၊​ကြောင်တစ်​ကောင်သာရှိတဲ့အိမ်မှာ ​တံခါး​ခေါက်တဲ့လူကို ဘယ်သူလဲ​မေး​တာ​တော့ ​​တော်​တော်စား​နေပြီမဟုတ်လား
ရယ်မိရင်လည်း ပို​ကောက်​ကွေးသွားဦးမှာမို့
​ချော့ဖို့ပဲ​ပြင်ရတယ်

"ကိုမြတ်​သော်ကအမျိုးသားပါခင်ဗျာ"

"အမျိုးသားကမရှိ​တော့ဘူး၊သူ့ ex​နောက်ပါသွားလား၊ဘားက ​ကောင်မ​လေး​နောက် ပါသွားလားမသိဘူး"

ဟိုက်၊ဒါကြီးက ​တော်​​တော်ကို စိတ်ဆိုး​နေမှန်း ​ဗေဒင်​ပြေး​မေးစရာမလိုဘဲ သိသာ​​နေပြီ

Unexpected Love(Completed)Where stories live. Discover now