​Episode8

28.7K 2.3K 37
                                    

ရှည်လျားလှတဲ့​နေ့တံ​တွေနဲ့ ရက်​တွေက ခွင့်ရက်ပြည့်ဖို့နီး​လေ ပိုတိုလာ​လေလို့ ခံစားရပါတယ်။
တစ်ပါတ်လုံးဟာ ပစ္စည်း​တွေကို ​နေရာတကျဖြစ်​အောင် ပြုပြင်ရင်း၊ငယ့်ကို လန်ဒန်တံတား၊လန်ဒန်မျက်လုံး​တွေစီလိုက်ပို့ရင်း၊မြို့လယ်​ခေါင်မှာ ဆက်တိုက်ဆိုသလိုရှိ​နေတဲ့ ပန်းခြံကျယ်ကြီး၃ခုကို စိတ်ဝင်တစား​လေ့လာ​နေတဲ့ ငယ့်ကို ​သိသ​လောက် ရှင်းပြရင်း​ပေါ့။

လန်ဒန်ရဲ့ နာမည်ကြီး Borough marketဆီ​ရောက်​တော့ လူတိုးရတာမကြိုက်တဲ့ ​ရေခဲတုံံး​လေးဟာ ရှုံ့မဲ့မဲ့နဲ့​ပေါ့
ဒါ​ပေမယ့် အဲ့လိုဆိုတိုင်း မသွားဘဲ လက်​လျှော့လိုက်လို့မဖြစ်​သေးဘူး​လေ
အနည်းဆုံး​တော့ လူအုပ်ရဲ့ဒဏ်ကို ငယ့်ကို ကျင့်သားရ​စေချင်တယ်
ကျ​နော်က ​နောက်ဆုံးအချိန်ထိ ​ဘေးမှာရှိ​နေ​ပေးဖို့ ဆန္ဒရှိတာက တစ်ပိုင်း
ညီ့ကို အရာရာမှာ မ​ကြောက်မရွံ့ ဦး​ဆောင်နိုင်​​စေချင်တာက တစ်ပိုင်းပါ။

လူ​ဦး​ရေထူထပ်လှတဲ့ ဒီလို​နိုင်ငံမှာ တစ်ခြားလူ​​တွေနဲ့ တန်းတူ ရင်​ဘောင်တန်းပြီး ​နေရဲ​စေချင်တာက ကျ​နော့်ရဲ့ ​​အဖြူ​ရောင်အတ္တပါ
ငယ့်ကို ​အောင်မြင်​စေချင်တယ်၊​ကြောက်စိတ်ကင်းပြီး လူကြားသူကြားမှာ ရဲရဲဝံ့ဝံ့ ရှိ​နေ​စေချင်တယ်

အခု​တော့ လူအုပ်ကြီးကြား တိုး​ဝှေ့ရမှာကို ရှုံ့မဲ့မဲ့ဖြစ်​နေတဲ့ ​ကောင်​လေးကို လက်ကိုတင်းတင်းဆုပ်လို့ ​ခေါ်လာလိုက်တယ်။

"လူရှပ်ရှုပ်ကြား အမြဲ​နေဖို့ မလို​ပေမယ့်
တစ်ခါတစ်​လေ​တော့လည်း လူ​တွေကြားထဲ တိုး​ဝှေ့ရင်း ​​​ပျော်စရာရှာဖို့လိုတယ် ငယ်ရဲ့
လူငယ်ဘဝဆိုတာ အစုံလုပ်ဖူးမှ အဓိပ္ပါယ်ရှိတာ"

လူရှုပ်ရှုပ်ကြား လက်ဆွဲ​ခေါ်ရင်း ​​ပြောပြ​နေတဲ့ စကား​​တွေကြားမှာ အစုံလုပ်ဖူးမှဆိုတဲ့ စကားကို​တော့ ကျ​နော် ​တွေး​နေမိတယ်
ဒီဆရာဝန်လူကြီးဟာ ဘယ်လိုအရာ​တွေကို​ရော
လက်တည့်စမ်းဖူးလဲဆိုတာ ​နောက်များကြုံရင်​တော့ ​မေးကြည့်ရဦးမှာ​ပေါ့

ခရီးသွား​တွေနဲ့ ပြည့်​နေတဲ့ ​စျေးကြီးထဲမှာ
အ​စောပိုင်း​တော့ စိတ်မသက်မသာ ဖြစ်​ပေမယ့်
ကိုယ့်​လက်ကို ဆွဲ​ခေါ်​ပေးတဲ့လက်အစုံ​နောက်ကို လိုက်ရင်းပဲ ဟို​ငေးဒီ​ငေးနဲ့ အဆင်​ပြေ​ခဲ့ပါတယ်။

Unexpected Love(Completed)Where stories live. Discover now