Episode14

22.3K 1.8K 14
                                    

ဒီ​နေ့ဟာ ​​သောကြာ​​နေ့
Shoppingသရဲ'ငယ်'က​တော့ အတန်းဖျက်ပြီး ​စျေးဝယ်ဖို့အတွက် တက်ကြွ​နေပါတယ်။
ဒီ၂ရက်၊၃ရက်အတွင်းမှာကိုပဲ ​ကောင်း​ကောင်း​နေ၊​ကောင်း​ကောင်းစားရတဲ့ လီယိုတစ်​ကောင်ကလည်း ​တော်​တော်ကို ​ကြောင်​​​ရောင်​ပြောင်လာပြီ ဆိုရမယ်။ရုပ်တည်ကြီးနဲ့ နှစ်​ယောက်သွား​လေရာ တ​ကောက်​ကောက်လိုက်တတ်​သေးတာ။
ကျ​နော် ​ဆေးရုံသွားပြီး ငယ်မ​ရောက်​သေးတဲ့ အချိန်ဆိုလည်း ပြတင်း​ပေါက်​ဘောင်​ပေါ်ထိုင်ရင်း ​စောင့်​​နေတတ်​သေးတာ။
ခြံစည်ရိုးနိမ့်နိမ့်နဲ့ ပြတင်းတံခါး​တွေဖွင့်ထားလည်း စိတ်ချလက်ချထားလို့ရတဲ့ ပတ်ဝန်းကျင်​ကောင်းတစ်ခုရှိ​နေတာကလည်း လီယို့ကို အထဲမှာ ပိတ်​လှောင်ပြီး စိတ်မချစွာထားခဲ့စရာမလိုတဲ့ ​ကောင်းတဲ့အချက်ပဲဗျ။
၂​ယောက်စလုံးမရှိတဲ့အချိန်မှာ ထွက်သွားပြီး ပြန်မလာမှာမျိုးကို ငယ်က စိုးရိမ်စိတ်ရှိခဲ့​ပေမယ့်
သူမ​နေချင်လို့ သွားချင်ရင်လည်း သွားခွင့်​ပေးရမှာ​ပေါ့၊သူ့မှာလည်း ​ရွေးချယ်ခွင့်ရှိပါတယ်လို့ ​လေသံတိုးတိုး​လေးနဲ့ ဆို​သေးတာ။ဒါ​ပေမယ့် ကျ​နော်တို့၃ဦးရဲ့ ​ရေစက်​​တွေက မှန်ကန်ခဲ့ပုံပါပဲ
"ပါးပါးအလုပ်သွားမှာမို့ ဒယ်ဒီနဲ့​နေခဲ့​နော်"လို့
သူ့​ကျောကိုပွတ်​​ပေးရင်း ငယ်က မှာတဲ့အခါလည်း မမှိတ်မသုန်စိုက်ကြည့်ရင်း ​ကျ​နော်နဲ့​နေခဲ့တာပဲ။
ကျ​နော်က အလုပ်သွားခါနီး၊"လီယို​ရေ ဒယ်ဒီက​တော့ အလုပ်သွားရ​တော့မယ်၊မင်းပါးပါး ပြန်လာတဲ့ထိ ​စောင့်​နေ​နော်၊သူ ပြန်လာ​တော့မှာ"လို့ ​ခေါင်းကိုပုတ်ရင်း ​ပြော​တော့လည်း စိုက်ကြည့်ပြီး တ​ညှောင်​ညှောင်​အော်ရင်း ​နေခဲ့တာကို အံ့အားသင့်ဖွယ်​တွေ့ရတယ်။

​ငယ်ဆို သူ့ကိုထားပြီးထွက်မသွားတဲ့ လီယို့ကိုကြည့်ပြီး ​ပျော်​နေရှာတာ​လေ သား​လေး၊သား​လေးနဲ့
ဒီလိုနဲ့ပဲ ကျ​​နော်တို့နှစ်​ယောက် ​ကြောင်ပါးပါးနဲ့ ​ကြောင်ဒယ်ဒီဘဝကို ​ရောက်လာရ​တော့တာပဲ။
Tabby geneပါတဲ့ ဒီလို ​ရွှေလိ​မ္မော်​ရောင်အ​မွေးရှိတဲ့ ဂျင်ဂျာမျိုး​တွေက ကံ​ကောင်းရင် ၁၅နှစ်က​နေ နှစ်၂၀ထိ ရှင်သန်နိုင်တယ်။ဒီ​ကောင်​လေးကိုလည်း ကျ​နော်တို့နဲ့အတူ နှစ်​တွေအများကြီး အတူဖြတ်သန်းနိုင်​စေဖို့ ​သေချာပြုစုဖို့ ကျ​နော်တို့နှစ်​ယောက်လုံး ဆန္ဒရှိပါတယ်။ကျ​နော့်စိတ်ကိုက ငယ်လုပ်ချင်တာမှန်သမျှကို ပါရမီဖြည့်ဖို့ အဆင်သင့်ဖြစ်​နေတာမျိုးဗျ။
ငယ်က ​ကြောင်ပါးပါးဖြစ်ဖို့ဆန္ဒရှိတဲ့အခါ ကျ​နော်က ​ကြောင်ဒယ်ဒီဖြစ်ဖို့ ဝန်မ​လေးတာမျိုး​ပေါ့။

Unexpected Love(Completed)Where stories live. Discover now