TEENAGER🔞_ep.1

41.3K 956 22
                                    

Zawgyi

သာမန်တကိုယ်စာနေရုံထက် ကျယ်ဝန်းသောအခန်းငယ်။တံခါးဖွင့်ဖွင့်ချင်း အခန်းအလယ် ခမ်းခမ်းနားနားတည်ရှိနေသောအဖြူရောင်ကုတင်ကြီးကိုမြင်တွေ့နိုင်သည်။အခန်းနံရံဘေးတွင် သစ်သားစားပွဲဖြင့်ထောင်ထားသောပန်းအိုးတွင်အရွက်စိမ်းစိမ်းတို့ကအမြဲသက်ဝင်နေသည်။ဖိုင်တွဲများနှင့်laptopတလုံးရှိနေ၍အလုပ်စားပွဲဟုထင်ရသော နီညိုရောင် ခပ်ရှည်ရှည်စားပွဲတလုံးနှင့် ဆုံလည်ကုလားထိုင်သည်လည်း လိုက်ဖက်စွာရှိနေပြန်သည်။ယောက်ျားသားတယောက်၏ကိုယ်ပိုင်အခန်းဖြစ်၍ နူးနူးညံ့ညံ့တန်ဆာပလာများမပါဘဲ လေးပေပတ်လည်ပန်းချီကားတချပ်ပင်လျှင် နှင်းဆီရဲရဲတပွင့်ကိုရိုးတံမှနွယ်ပင်များ နွယ်တက်နေသဏ္ဌာန်ပုံဖော်ထားသည့် ပန်းချီကားဖြစ်သည်။နှင်းဆီပွင့်ပေါ်ရေစက်လေးများကအစ ပန်းချီဆရာ၏ ကျွမ်းကျင်မှုများကြောင့် တကယ့်ရေနှင့်ဆွတ်ဖြန်းထားသလို မျက်စိအထင်မှားစေနိုင်သည်။
ရွှေရောင်အနားကွက်ထားသောထိုပန်းချီကားသည် ကုတင် ခေါင်းရင်းထက်၌ ခန့်ညားစွာနေရာယူနေသည်။

တခန်းလုံးတွင်ရွှေရောင်ငါးလေးနှစ်ကောင်၏ရေယက်ခတ်သံများကလွဲ၍ဆိတ်ဆိတ်ငြိမ်နေသည်။

တခဏကြာသော်...ကျွတ်ခနဲမြည်သွားသောတံခါးကဖြူဥနေသောလက်တစုံ၏သာသာလေးတွန်းမှုကြောင့် ပွင့်သွားခဲ့သည်။ဤသည်မှာကုတင်ထက်က စောင်ပုံထဲရှိလူသား တံခါးဖွင့်သံကြောင့် အိမ်မက်ကလန့်နိုးသွားမည်ကိုစိုး၍ဖြစ်သည်။

အခန်းတွင်းမီးမဖွင့်ထားသည့်အပြင် ကြမ်းပြင်သို့အောက်အဖျားစများကပုံလိုက်ကျနေသောလိုက်ကာကိုစေ့ထားသည်မို့ လူတယောက်၏မျက်နှာကို အသေးစိတ်မြင်နိုင်သော အလင်းရောင်မရှိ။သို့သော်ထိုအလင်းရောင်တစက်မှမကျသောအခန်းတွင်ခြေဖျားမှပေါင်လယ်လောက်ထိ ဖွေး၍ဝင်းနေသောအသားအရည်ကထင်းနေသည်။ဘောင်ဘီးပွပွတိုတထည်နှင့်မတော်တရောရှပ်အပွသာဝတ်ထားသော လူသားငယ်တဦးသည် ခြေလှမ်းဖွဖွလေးနင်းနေ၍ ခြေဖဝါးနှင့်ကြမ်းခင်း ထိမိသွားချိန် ဖွေးလွန်းသောအသားအရည်က ရဲတက်လာသည်။ဦးဆုံးအနေဖြင့် ချစ်စရာကောင်းသောခြေထောက်ပိုင်ရှင်က ကုတင်ဆီသို့မဟုတ်ပဲ နံရံဘေးကစားပွဲခုံဝိုင်းအရှည်ဆီလှမ်းနေ၏။ဖန်အိုးအလုံးလေးထဲတွင် လိမ္မော်ရောင်ငါးမောင်နှံတို့နှစ်ကောင်သည် နေရာကျဉ်းကျဉ်းလေးထဲကူးခတ် ဆော့ကစားနေကြသည်။ ငါးမောင်နှံနှစ်ဦးသည်လှောင်ပတ်ခံရသော်လည်း ပျော်ရွှင်နေဟန်ရှိ၍ ဤသည်ကိုကြည့်ပြီးပန်းရောင်နှုတ်ခမ်းတစုံကပြုံးနေ၏။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now