TEENAGER🔞_ep.16

7.1K 298 44
                                    

.Unicode
"အီးးဟီးးး....appa!!appa..ဘယ်မှာလဲ..အီးးဟီးးသားကိုသားappaဆီပြန်ပို့ပေး......သားappaနဲ့ပဲသားနေမယ်..."

"အဒေါ်ကြီး...အဲ့ကလေးကို..ရေခဲသေတ္တာထဲက ရေခဲမုန့်တွေချကျွေးထားလိုက်....."

ကြမ်းပြင်မှာ စုံပြုံချပေးထားသောအရုပ်မျိုးစုံကြားထဲ မြှုပ်နေသော လေးနှစ်အရွယ်ကလေးဟာ တခဏတော့ အရုပ်တွေနဲ့ဆော့နေသေးသည်။ဆော့လို့ဝသွားပြီး ခေါင်းထဲအဖေ့ကိုသတိရလာသောအခါ ကိုယ်ဟာ တခြားသူတယောက်ဆီမှာမွေးစားခံလိုက်ရပြီဆိုတာကိုမေ့သွားခဲ့သည်။

အရုပ်တွေကိုခြေဆောင့်ကန်၍ ရုတ်တရက်အော်ငိုသံကြားရတဲ့အခါ sofaပေါ်ခြေဆင်းကာ အလုပ်လုပ်နေသောထယ်ယောင်း စိတ်ရှုပ်လာသည်။အဒေါ်ကြီးအား အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်တော့ ရေခဲမုန့်ဘူးတွေအရသာမျိုးစုံကိုင်လျက် ခပ်သွက်သွက်ပြေးထွက်လာသည်။

"အီးးဟီးးးappaကိုခေါ်ပေး...appaနဲ့ပဲနေမယ်...ဒီအိမ်မှာမနေဘူး....ဟင့်...appaဘယ်မှာလဲ..."

"ကလေး...တိတ်တိတ်..မငိုနဲ့တော့...ဒီမှာရေခဲမုန့်တွေ..စားနော်ကလေး.....ထပ်ငိုရင်အဲ့ဦးဦးကရိုက်လိမ့်မယ်..."

အဒေါ်ကြီးဟာ ခပ်တိုးတိုးလေးကပ်ပြောသောအခါ ရေခဲမုန့်ဘူးတွေကို ကားထားသောခြေထောက်ကြားထဲထည့်ထားသော ကလေးလေးက ရုပ်တည်ကြီးဖြင့် laptopကအကြည့်မခွာသောထယ်ယောင်းကိုလှမ်းကြည့်သည်။အလုပ်ထဲစိတ်ဝင်စားနေသည့်မျက်နှာတည်တည်က ငိုရင်ထရိုက်မည့်ပုံစံပေါက်နေသည့်အခါ ခေါင်းငုံ့သွားပြီး ရေခဲမုန့်ဘူးကို လက်ပိစိလေးတွေဖြင့်ဖွင့်နေသည်။အဖေ့ကိုသတိရတဲ့အကြောင်း အကျယ်ကြီးမပြောရဲသောအခါ ရေခဲမုန့်တွေပါးစပ်ထဲထည့်ရင်း နှုတ်ခမ်းလုံးလုံးလေးတွေက တိုးတိုးလေးသာပွစိပွစိပြောနေသည်။

"ဟင့်..ဟင့်...."

အသံစူးစူးငိုသံတွေတိတ်သွား၍ အလုပ်ထဲအာရုံတစိုက်ဖြစ်နေချိန် ရှိုက်ငိုသံလေးကြားရသည်။ညဥ့်နက်၍ အိပ်နေလောက်ပြီဖြစ်သောအဒေါ်ကြီးကိုလည်းဒုက္ခမပေးချင်သောကြောင့် ဟိုကလေးစုတ်လေးကို ကြည့်လိုက်သည်။ရေခဲမုန့်တွေက နှုတ်ခမ်းတွေအပြင် မေးစေ့တွေ.အကျီတွေပေါ်မှာပါ ပေပွနေလျက် ရှုတ်မဲ့မဲ့လေးအသံမထွက်အောင်ငိုနေသည်။ကြည့်ရတာရေခဲမုန့်ကုန်သွားမှ အဖေကိုပြန်သတိရပြီး ထပ်ငိုနေတာဖြစ်မယ်။ရန်သူနဲ့မခြားသောအရှုံးသမားဟာ.သိပ်ချစ်လှတဲ့သားလေးကို ထားပြီးထွက်သွားတဲ့ပုံစံက အားအရဆုံးပဲမို့ ပြန်မြင်မိသည်။အနိုင်လိုချင်စိတ်တခုနဲ့ ရတဲ့နည်းလမ်းကိုအသုံးပြု၍ ဒီကလေးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့တယ်...။အခုမှသူ့အသက်က နှစ်ဆယ်ကျော်ရုံလေးပဲရှိသေးတာ...။ကလေးတယောက်ရှိနေပြီဆိုသည့်သတင်းလည်းမထွက်ချင်သလို ကျိန်းသေလျှိုဝှက်ထားရမည့်အကြောင်းတွေလည်းရှိသည်။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now