TEENAGER🔞_ep.29

3.9K 120 23
                                    

.Unicode
.

ဥက္ကဋ္ဌsooရုံးခန်းထဲရှိနေချိန်သူ၏အတွင်းရေးမှူးလာပြောတဲ့စကားကြောင့်အရေးကြီးသုတ်ပျာဖြစ်သွားသည်။

"ရုံးခန်းထဲမြန်မြန်လွှတ်လိုက်..ဘယ်သူမှမ​မြင်စေနဲ့..."

"nae..."

အတွင်းရေးမှူးထွက်သွားပြီးခဏကြာတော့တံခါးခေါက်သံကြားရသည်။

"ဝင်လာခဲ့...."

စီးပွားရေးလောကထဲမှာလုပ်ငန်းရှင်တော်တော်များများမပတ်သတ်မိရန်ရှောင်ကြသည့်ဥက္ကဋ္ဌsooရဲ့ရုံးခန်းထဲကိုဝင်လာတာဟာလွယ်အိတ်တလုံးတက္ကသိုလ်ကျောင်းသားလေးတယောက်...။

သိပ်မကြည်တဲ့မျက်နှာနဲ့ဥက္ကဋ္ဌsooဟာsofaကိုမေးငေါ့ပြပြီးသူကိုယ်တိုင်လည်းဝင်ထိုင်သည်။

"companyကိုငါမခေါ်ပဲစွတ်စပ်ပြီးမလာဖို့ပြောထားတယ်မလား..."

"သိတယ်လေ..ဒါပေမဲ့အခုကလာမှဖြစ်မှာမလို့..appaကဖုန်းဆက်တော့ကိုင်မှမကိုင်တာ.."

"ငါအလုပ်များနေတယ်မင်းနားမလည်ဘူးလား.."

ဥက္ကဋ္ဌsooကလေသံပျင်းနေသော်လည်းကြောက်ရွံ့ခြင်းမရှိတဲ့ကောင်လေးကတော့စားပွဲပေါ်ကသစ်သီးခြင်းလေးထဲကပန်းသီးကိုယူကာကိုက်စားနေသည်။

"ဒီcompanyကြီးတခုလုံးပိုင်ထားပြီးအလုပ်များတာအဆန်းမဟုတ်ပါဘူး..လောလောဆယ်ပေးထားတဲ့ပိုက်ဆံကုန်တော့မယ်..ဒီလဘာလို့ထပ်မဖြည့်ပေးတာလဲ.."

ဥက္ကဋ္ဌsooမျက်နှာမှာစိတ်ရှုပ်မှုတွေဖြစ်သွားသည်။မိန်းကလေးများစွာနဲ့ရှုပ်ချင်သလိုရှုပ်ခဲ့ပြီး
အပြတ်ဖြတ်ခဲ့သည့်ကြားမှကလေးတယောက်ကရဖြစ်အောင်ရသွားခဲ့သည်..။မထူးတော့တာမို့ဥက္ကဋ္ဌsooကစိတ်ချရတဲ့သူတယောက်နဲ့ငွေပုံပေးပြီးကြီးပြင်းစေခဲ့တယ်..။သားအဖြစ်တော့လက်ခံထားပေမဲ့မေတ္တာတွေတော့အရမ်းကြီးရှိမနေ..။ဥက္ကဋ္ဌsooမှာရှိတာလောဘနဲ့တဏှာပဲ..။ပူးပေါင်းတွဲလုပ်တဲ့လုပ်ငန်းရှင်တိုင်းနဲ့အကွက်ကျော်ပြီး
ကလိမ်ကကျစ်လုပ်မယ်..။မိန်းကလေးငယ်ငယ်လေးတွေနဲ့ပျော်ပါးမယ်..။ဥက္ကဋ္ဌsooမှာဒါတွေပဲရှိတယ်..။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 27, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

TEENAGER⚠{ဆယ်ကျော်သက်}VMINDove le storie prendono vita. Scoprilo ora