TEENAGER🔞_ep.20

5.7K 252 39
                                    

.Unicode
"ဂျီမင်...ဂျီမင်....မင်းဘာလုပ်မလို့လဲ..."

ကန်တင်းမှာဖြစ်ခဲ့တဲ့ရန်ပွဲအပြီးတွင်ကန်တင်းကထွက်လာတဲ့ဂျီမင့်ကိုအိမ်ပြန်မယ်လို့ဟွန်းဆောတို့ထင်ခဲ့တာ။အခုတော့ဒေါသပုန်ထလျက်.ဂျေအွန်းဆိုသူရဲ့အခန်းကိုမေးပြီးသွားနေတယ်။ဟွန်းဆောတို့လည်းဂျီမင့်နောက်အမှီလိုက်ရင်းတားကြည့်နေပေမဲ့သူတို့ကိုဂရုပင်မစိုက်ပဲဂျီအွန်းအခန်းရှိရာကိုသာသွားချင်ဇောကပ်နေတယ်။

"ဂျီမင်...မင်းစိတ်မကြည်ဘူးဆိုလည်းငါမင်းအိမ်ပြန်ပို့ပေးမယ်..အဲ့ကောင်အခန်းကိုဘာသွားလုပ်ဦးမှာလဲ...ပြန်ကြရအောင်ပါ..."

"ဟွန်းဆော!မင်းတိတ်တိတ်နေစမ်းပါ..."

သူပေါက်ကရစကားများဖြင့်စ.နောက်တိုင်းဂျီမင်ကဒေါသထွက်နေကျမို့သူ့အတွက်မဆန်းပေမဲ့.ယခုတခါမှမအော်ဖူးတဲ့လေသံမျိုးနဲ့မို့ဟွန်းဆောတောင်ပြောလတ်စ.စကားတွေတိခနဲရပ်သွားသည်။ခြေလှမ်းမြန်မြန်တွေဖြင့်ဂျေအွန်းရှိမည့်အခန်းကိုရှာနေသည့်မျက်လုံးတွေကစူးထက်နေတဲ့အခါဟွန်းဆောလည်းဘာမှမပြောပဲအနောက်ကနေသာလိုက်ခဲ့ရတယ်။ကျန်တဲ့ကောင်တွေကတော့ပဲလှော်ကြားဆားညပ်မခံချင်ကြသူတွေများလို့လမ်းတဝက်မှာတင်လှည့်ပြန်ကုန်ကြပြီ။

ကျောင်းသားတယောက်ကိုမေးပြီးဂျေအွန်းရှိသည့်အခန်းဆိုတာသေချာသည်နှင့်ဂျီမင်ဟာဒေါသထွက်လာမှန်းသိသာစေသောဖိနပ်သံနှင့်အတန်းထဲဝင်ချသွားသည်။အတန်း၏တနေရာတွင်တယောက်တည်းစာအုပ်ထိုင်ဖတ်နေတဲ့ဂျေအွန်းဆီသို့တည့်မတ်စွာသွားပြီးစာအုပ်ကိုလုယူကာကြမ်းပြင်ပေါ်ပစ်ချသည်။

စာအုပ်နေရာတွင်ဖုန်းတို့တခြားစျေးကြီးပစ္စည်းသာဖြစ်ခဲ့ရင်ဆိုပြီးဟွန်းဆောကတော့တွေးပြီးနှမျောနေမိသေးသည်။

အခုလိုဒေါသတွေထွက်ပြီးသူ့ဆီသို့တကူးတကလာမယ်ဆိုတာသိထားသောဂျေအွန်းကတော့အပြုံးလေးနှင့်မတ်တပ်ထရပ်လိုက်သည်။လည်ပိတ်ဆွယ်တာအနက်ကဖြူဥနေတဲ့အသားအရည်ကိုပေါ်လွင်စေတယ်..။ခပ်မှေးမှေးမျက်ဝန်းတွေကမောက်မာတတ်တဲ့စရိုက်ဖော်ပြနေပေမဲ့ပန်းရောင်သမ်းနေတဲ့နှုတ်ခမ်းထူထူတို့နှင့်မို့ကြောက်ရ.ရှိန်ရတဲ့ထိတော့မဟုတ်ဘူး။ပြောရရင်ကင်ဂျီမင်ကအဆိပ်ရှိချင်​ယောင်ဆောင်နေတဲ့အစွယ်ထွက်ခါစမြွေပေါက်လေးလိုပဲ။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now