TEENAGER🔞_ep.4

11.1K 531 18
                                    

Zawgyi

စိမ်းကားမှု......။Kim taehyungအတွက်စိမ်းကားမှုဆိုသောဝေါဟာရ ဟာအဓိပ္ပာယ်ဖွင့်ဆိုဖို့ အချိန်အတော်ကြာ ကွယ်ပျောက်နေခဲ့တာကြာပြီ။ယခုအချိန်အခါတော့ အတွင်းကျကျ စစ်ဆေးရတော့မယ်ထင်၏။ဒီလောကထဲ မည်သူစိမ်းကားမှုမှ ဝမ်းနည်းသိမ်ငယ်နေတာမျိုးဖြစ်မှာမဟုတ်။တဦးတည်းသောချွင်းချက်လေးရဲ့စိမ်းကားမှု လေးကိုခံနေရသောသူဟာ အပြစ်တင်ဒေါတမန်ထွက်နေတာထက် မိမိကိုယ်ကိုဘယ်နေရာလိုအပ်သွားမိလဲဟု ပြီးခဲ့သောတနှစ်ကျော်အချိန်ကို နောက်ကြောင်းပြန်ရစ်ကြည့်နေမိတာ။

ခေါင်းထဲ ဇာတ်ကွက် တကွက်ချင်းစီ filmတွင်ပေါ်လာသလို မြန်ဆန်လွန်သောအခါ သေချာတာတခုက သူသည်ကလေးငယ်အပေါ် လွဲမှားစရာအရာသေးသေးလေးမျှပင် အပြစ်မလုပ်ခဲ့ချေ။လုပ်ငန်းအသစ်ထပ်တိုးလုပ်ကိုင်သော်လည်း ကလေးငယ်ကိုကြင်နာယုယစွာဂရုစိုက်သောအချိန်က ပုံမှန်များထက် တချို့အချိန်တွင်အလုပ်ထဲမှဖဲ့ပေးခဲ့သည်။

သို့သော်ပြီးခဲ့သောတနှစ်ကျော်မျှက အခြေအနေများနှင့် ယခုဟာ အနည်းငယ်မဟုတ် အလွန်ကွဲပြားနေပြီ။သူ့ဘက်ကတော့ အရင်တိုင်းကလေးငယ်အပေါ် မြတ်နိုးမှုတွေက အပွားပွား တိုးလာဆဲ။ပြောင်းလဲသွားတာ ကလေးငယ်။

မိုးလင်းတိုင်း Daddy~~ ဟု မျက်လုံးမပွင့်သေးခင် ဦးဆုံးပြုံးမိအောင်လုပ်နိုင်သော ကလေးငယ်သည် ယခုဆို နှိုးစက်တလုံးဝယ်ထားပေးခဲ့သည်။ ကျောင်းအရောက် တနေကုန် ဓာတ်စာဖြည့်စေဖို့အနမ်းချိုချိုတွေကလည်း ခပ်သွက်သွက်ပြေးသွားသောခြေလှမ်းတွေနောက် လှည့်မကြည့်တော့တဲ့ ဖိနပ်ခြေရာလေးတွေလို။ညနေကျောင်းဆင်းချိန်တွင် ရင်ခွင်ထဲ ပစ်ဝင်လာတတ်သောကလေးငယ်ဟာ ကားပေါ်အတင်းတက်ပြီး အိမ်ပြန်ဖို့သာ လောနေသည်။

အေးအေးချမ်းချမ်းအပ်ကျသံပင်မကြားသောအိမ်ကြီးထဲတွင် သူ၏အလုပ်စားပွဲနားလာပြီးတီတီတာတာများပြော၍ အရှုပ်ကလေးလုပ်တတ်သောကလေးငယ် အစား အသာဖွင့်ထားပေးသောတံခါးဆီက လေစိမ်းတို့သာဝင်ရောက်လာသည်။

သူ့မျက်စိရှေ့လေးတင်ပင် ကိုယ်တိုင်သေးခံ လဲပေးရသောအရွယ်မှ တရက်ပြီးတရက် တလပြီးတလ တနှစ်ပြီးတနှစ် သို့ အချိန်စက်ဝန်းကြီးနောက် ထပ်ကြပ်မကွာလိုက်ပါလာရင်း ကလေးငယ်ကအသက် 16နှစ် လူပျိုလေး အရွယ် သို့ရောက်လာချေပြီ။

TEENAGER⚠{ဆယ်ကျော်သက်}VMINDonde viven las historias. Descúbrelo ahora