TEENAGER🔞_ep25(1)

4.1K 163 10
                                    

.Unicode
.

ခရီးပန်းမှုဒဏ်ကနှစ်ယောက်လုံးဆီသက်ရောက်တဲ့အခါကမ်းခြေရဲ့အလှအပတောင်မခံစားနိုင်ပဲတညလုံးအခန်းထဲတင်ရုပ်ရှင်ကြည့်ရင်းအချိန်ကုန်ခဲ့ကြသည်။ဇိမ်ခံhotelကြီးမှာအိပ်စက်ရတယ်ဆိုတဲ့အသိနဲ့ကောင်းကောင်းအိပ်ပျော်ခဲ့ပြီးလှန့်နှိုးလိုက်သောဖုန်းသံဟာအဖျက်အနှောက်။ခန္ဓာကိုယ်တခုလုံးနွေးထွေးနေပြီးလှုပ်မရပြုမရမို့မျက်လုံးတွေကိုအတင်းအကန်ဖွင့်ကြည့်တော့ဒယ်ဒီဟာလက်ရောခြေနဲ့ပါခွဖက်ထားသည်။အိပ်ရေးမဝတာလည်းမဟုတ်.အိပ်ကလည်းအိပ်ချင်သေးပြန်သောပုံစံနဲ့ကျပြီးထပ်မြည်လာသောဖုန်းကိုလှမ်းကိုင်လိုက်သည်။

"အွန်း...ဘယ်သူလဲ..."

"yar!!ဘယ်သူလဲလုပ်မနေနဲ့..ငါဟွန်းဆော...ငါတို့တွေဂျယ်ဂျူရောက်ပြီ..."

ဒယ်ဒီ့လက်တွေခြေတွေကိုဖယ်ပြီးငုတ်တုပ်ထထိုင်မိသည်။ဟွန်းဆောတို့လာမယ်ဆိုတာလုံးလုံးမေ့နေခဲ့တာမို့မျက်လုံးပါကျယ်သွားပြီးကုတင်ပေါ်မှဒယ်ဒီမနိုးအောင်အသာလေးဆင်းကာမှန်တံခါးလေးဖွင့်ပြီးအပြင်ထွက်လိုက်သည်။

"ရောက်တာမြန်လှချည်လား..."

"အဲ့ဒါထားလိုက်စမ်းပါ...အခုမင်းကဘယ်မှာလဲ..ဂျယ်ဂျူမှာကမ်းခြေတွေအများကြီး..မင်းကဘယ်ကမ်းခြေလဲ..ငါတို့အားလုံးတနေရာရာသွားလိုက်လို့ရပေမဲ့မင်းနဲ့ပျော်ချင်လို့ကိုမင်းရှိတဲ့နေရာလာတာနော်..."

"အင်းပါငါသိပါတယ်....အခုငါနဲ့ဒယ်ဒီကဂျောင်မူန်ကမ်းခြေမှာ..ဟိုတယ်တွေကစျေးအရမ်းကြီးတယ်နော်..မင်းတို့ပိုက်ဆံတတ်နိုင်
လို့လား..."

"မင်းလိုချင်တာမင်းဒယ်ဒီကလိုက်လုပ်ပေးနေတယ်ဆိုပြီးအထင်မသေးစမ်းပါနဲ့..မုန့်ဖိုးအပြင်လက်စွပ်တကွင်းပါအိမ်ကခိုးခဲ့သေးတယ်.."

သေချာပေါက်ဟွန်းဆောကတခုခုတော့ခိုးခဲ့မယ်ဆိုတာသိတာမို့အော်ရယ်မိပြီးမှဒယ်ဒီကြားသွားနိုင်သည့်အတွက်အရှိန်သတ်လိုက်ရသည်။အုပ်စုလိုက်ကြီးအိပ်ထုပ်တွေနဲ့GPSတကြည့်ကြည့်နဲ့သွားနေကြမည့်ပုံကိုမြင်ယောင်ပြီးအခန်းထဲတိုးတိုးတိတ်တိတ်ပြန်ဝင်ခဲ့သည်။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now