TEENAGER🔞_ep.26

5.4K 181 20
                                    

.
.
ဂျယ်ဂျူဒိုတွင်bookingယူထားခဲ့သောသုံးရက်သည်အပန်းဖြေဖို့အတွက်ဆိုရင်အလွန်နည်းလွန်းသည်။သို့ပေမဲ့လည်းရှိသမျှအကြံဥာဏ်တွေလူရောစိတ်ရောအကုန်ထုတ်ထားခဲ့လို့သုံးရက်လေးနေခွင့်ရတာကိုပဲကျေးဇူးတင်ရမည်။အလုပ်နဲ့သုံးရက်လေးဝေးတာကိုသေမလိုဖြစ်နေသည့်ဒယ်ဒီသည်ရက်ပြည့်တာနဲ့ကမန်းကတန်းပြန်လာပေမဲ့နောက်တခါဆိုရင်တော့တစ်လလောက်နေဖို့အခုထဲကအကြံကြိုထုတ်ထားလိုက်သည်။
ကမ်းခြေမှာနေပူထဲအချိန်ပြည့်ထွက်ခဲ့တာကြောင့်အသားအရည်တွေပြန်ထိန်းသိမ်းပြီးအိမ်တွင်းအောင်းကာနှပ်ချင်သော်လည်းကိုယ့်ဟာကိုယ်အလုပ်အေးဆေးမသွားတဲ့ဒယ်ဒီကကျောင်းတက်ရမယ်ဆိုကာအတင်းခေါ်သွားသည်။

"ကျောင်းတွေပျက်ထားသေးတယ်နော်...ပျင်းသွားလို့ဆိုပြီးကျောင်းခိုးပြေးဖို့တော့မစဥ်းစားနဲ့..ဘေဘီ့နောက်မှာဘေဘီမသိနိုင်တဲ့ပုံစံမျိုးနဲ့ဒယ်ဒီအမြဲရှိနေတယ်..ကျောင်းတက်ပြီးတော့လည်းကျောင်းခန်းထဲမှာရှိနေတာပဲလိုချင်တယ်နော်..ကင်မ်ဂျီမင်စာကောင်းကောင်းလိုက်လုပ်ပါတယ်ဆိုတဲ့အသံမျိုးပဲဒီကျောင်းရဲ့ဆရာ.ဆရာမတွေဆီကကြားချင်တယ်..အရှေ့ကကျောင်းပြေးထားတာတွေကိုတော့ခွင့်လွှတ်ထားပေမဲ့စာမေးပွဲကျလာခဲ့ရင်ဒယ်ဒီအပြစ်ကောင်းကောင်းပေးမှာနော်.."

ဟိုးငယ်ငယ်လေးထဲကဒယ်ဒီကအလိုလိုက်ပြီဆိုလဲအစွန်ဆုံးထိပဲ...။ဆော့ဖို့နဲ့စားဖို့ကလွဲပြီးမသိတဲ့အရွယ်တုန်းကငွေပေါင်းများစွာရင်းနှီးမြှုပ်နှံထားတဲ့စာချုပ်စာတန်းတွေပေါ်မှာမှင်တွေနဲ့လျှောက်ခြစ်ရေးဆွဲခဲ့တာတောင်.ဆိုးလိုက်တာဘေဘီရယ်.ဟုပြောပြီးတင်ပါးကိုနှစ်ချက်သုံးချက်လောက်ရိုက်ရုံလေးနဲ့လက်ထဲကမှင်တွေစွန်းနေတဲ့စာချုပ်တွေကိုယူသွားခဲ့တာ...။ဒယ်ဒီကကျွန်တော့်အတွက်မွေးစားဖခင်လို့သံသယဝင်စရာမရှိအောင်ချစ်ပေးကြင်နာပေးခဲ့သည်။ဒယ်ဒီ့အပေါ်ဘယ်လောက်ဆိုးဆိုး.ငယ်စဥ်အချိန်မှာအပြိုင်ကြိုးစားရမည့်ပညာရေးတွင်ညံ့ဖျင်းတာမျိုးကိုဒယ်ဒီမကြိုက်ပါ...။ဒယ်ဒီဟာသူ့ငယ်စဥ်ဘဝတွင်ဘယ်လိုနေထိုင်လာလဲမသိပေမဲ့ကျွန်တော့်ကိုတော့တော်စေချင်သည်။ဆိုးတာကကျွန်တော်ကလည်းငယ်ငယ်ကသူငယ်ချင်းမထားရသည့်အချိန်ဒယ်ဒီ့ကိုကြောက်ပြီးစာချည်းပဲလုပ်ခဲ့ပေမဲ့ဟွန်းဆောတို့နဲ့ပေါင်းပြီးနောက်စာထက်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေအများကြီးရှိတာသိလာတယ်....။ဟွန်းဆောတို့က ကျွန်တော့်ကိုဖျက်စီးတယ်လို့ဒယ်ဒီအမြဲပြောပေမဲ့
ကျွန်တော်ကိုယ်တိုင်ကပျက်စီးချင်စိတ်ရှိနေတာအမှန်တရား။

TEENAGER⚠{ဆယ်ကျော်သက်}VMINKde žijí příběhy. Začni objevovat