TEENAGER🔞_ep.23

4.7K 261 27
                                    

.
ဒယ်ဒီ့ကိုကတိပေးပြီးတဲ့နောက်နေ့ကစပြီးကျောင်းတွင်ဂျေအွန်းနဲ့လုံးဝမပတ်သတ်တော့ပေ။ဒယ်ဒီ့ကွယ်ရာတွင်ဖြစ်ပေမဲ့ကတိကိုတည်ချင်တာရယ်.လိမ်ညာခဲ့ရင်လည်းဒယ်ဒီကကျွန်တော်နဲ့ပတ်သတ်သမျှကိုအရာအားလုံးသိနိုင်တာကြောင့်ဂျေအွန်းနဲ့မတွေ့အောင်တတ်နိုင်သမျှရှောင်တယ်။ဆုံနေကျဖြစ်ပြီးဂျေအွန်းကိုစကားလည်းမပြော.မျက်နှာချင်းဆိုင်ရင်တောင်ချက်ချင်းလှည့်ထွက်သွားတာမို့ဟွန်းဆောတို့ကလည်းသတိထားမိလာတယ်။တဖွဲ့လုံးကမေးကြပေမဲ့လည်းမဖြေချင်ပါဘူးဆိုမှအသည်းအသန်တွေမေးနေကြတာမို့တခါအော်ထုတ်ပြီးထဲကထပ်မမေးရဲကြတော့...။ဂျေအွန်းကနေရာတိုင်းရှိနေတတ်လို့ပျော်ပွဲရွှင်ပွဲတွေဆိုလည်းဂျေအွန်းပါလို့ကျွန်တော်မသွားရတာများတယ်။

ဘာပြသာနာမှမရှိပဲကိုယ်ကပဲအပြစ်လုပ်ထားသလိုဘယ်သွားသွားရှောင်နေရတာစိတ်ရှုပ်ဖို့တော့ကောင်းပေမဲ့ဒယ်ဒီ့ကိုကတိပေးထားပြီးမှတော့ဘယ်လိုပဲဖြစ်ဖြစ်တည်အောင်ကြိုးစားရတော့မှာပဲ...။ကျွန်တော်ဆိုးတယ်ဆိုပေမဲ့ဒယ်ဒီအပျင်းအထန်ကန့်ကွက်တာမျိုးဆိုနားထောင်တတ်တာကပုံသေတခုလိုဖြစ်နေပြီ။

ကျောင်းထဲကိုရောက်ရောက်ချင်းကန်တင်းမှာဟွန်းဆောတို့ရှိလောက်မယ်ထင်လို့သွားကြည့်တော့ဟွန်းဆောတို့အပြင်ဂျေအွန်းပါထိုင်နေတယ်။အဲ့လိုပဲအရင်တွေကလည်းစာသင်ခန်းထဲအစောကြီးသွားထိုင်နေရတာပျင်းဖို့ကောင်းလွန်းတယ်။ဂျေအွန်းကနောက်ကျောပေးထားလို့မမြင်ပေမဲ့ဟွန်းဆောကအအေးသောက်နေရင်းတန်းလန်း.သူ့ကိုမြင်သွားတော့ပြူးတူးပြူးပြဲနဲ့လှမ်းခေါ်ရန်လုပ်နေတာကြောင့်ခပ်သွက်သွက်လှည့်ထွက်ခဲ့လိုက်တယ်။

ဟွန်းဆောလက်ပြမှနောက်လှည့်ကြည့်မိတဲ့ဂျေအွန်းလည်းဂျီမင့်ရဲ့နောက်ကျောသေးသေးလေးကိုသာမြင်လိုက်ရသည်။သူမရှိတဲ့နေ့ဆိုဟွန်းဆောတို့နဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေပြီး.သူရှိတဲ့နေ့ဆိုအခုလိုလှည့်ပြန်သွားတာတွေ.သူရောက်လာတာနဲ့ချက်ချင်းဝိုင်းကထ ထွက်သွားတာတွေသူနဲ့မပတ်သတ်ဖို့လုပ်နေတာတွေဟာအသိသာကြီး။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now