TEENAGER🔞_ep.14

7.3K 300 3
                                    


ဓာတ်လှေကားထဲရောက်လာတော့လည်း.အဖေ့လက်ကိုမလွှတ်တမ်းဆွဲခဲ့တဲ့အချိန်တွေကိုပြန်သတိရမိပြန်တယ်။အတော်ငယ်သေးတဲ့အရွယ်လေးမို့ အသေးစိတ်ဘာတခုမှမမှတ်မိသော်လည်း..အဖေဟာအမေ့ကိုသွားရှာမယ်လို့ပြောခဲ့တာတခုတော့ အဖေ့ရဲ့အသံကအစနားထဲကြားလာတယ်။

"အဆင်ပြေတယ်မလားဘေဘီ..ဝိုင်းကြည့်နေကြတော့လန့်သွားလား.."

ခါးလေးကိုဖက်ကာဆွဲကပ်လိုက်တဲ့ဒယ်ဒီကြောင့်..ဒယ်ဒီ့ဘေးကလူကိုခိုးကြည့်မိသည်။တည်တည်ငြိမ်ငြိမ်လိုက်ပါလာတဲ့လူက မျက်လုံးလေးတောင်ရွေ့မသွား၍ ဒယ်ဒီကလည်းမရှိသလိုကျွန်တော့်ကိုဆက်ဆံတာမို့ အဲ့ဒီ့လူကဒယ်ဒီအယုံကြည်ဆုံးလူပဲဖြစ်မယ်။အဲ့ဒါဆိုကျွန်တော်လည်းရှောင်ကျဥ်နေစရာမလိုတော့လို့ မုန်းစရာကောင်းတဲ့ကိစ္စတွေတွေးနေတာကိုမေ့ပြီးဒယ်ဒီ့ရင်ဘတ်ပေါ်ခေါင်းလေးမှီလိုက်ကာ...

"ရပါတယ်...ဒါနဲဲ့ဒယ်ဒီ..ကျွန်တော်ဘယ်သူလဲဆိုတာသူတို့အတွေးများသွားမယ်မလား..."

"ဝန်ထမ်းတွေကဒယ်ဒီ့ကိုပြန်လှန်ပိုင်ခွင့်မရှိဘူး...အလုပ်နဲ့ပတ်သတ်နေတာမှမဟုတ်တာ..."

"ဒါဆိုသူတို့ကိုမဖြေရှင်းပြလည်းရတယ်ပေါ့..."

"ဒါပေါ့....ဒယ်ဒီ့အကြောင်းလိုက်ပြောပြနေဖို့မလိုဘူးလေ.."

ကျွန်တော်ကသိစေချင်တာလေ။ဒယ်ဒီကကျွန်တော့်ကိုဘယ်သူဘယ်ဝါမိတ်ဆက်ပေးလိုက်တဲ့အချိန် အားလုံးကအားကျကြည့်နဲ့ကြည့်တာကို အကြည့်ခံခြင်းတာ။ဒယ်ဒီ့ကိုမျှော်မှန်းနေသူတွေလည်းကိုယ့်အသိနဲ့ကိုယ်နောက်ဆုတ်သွားစေချင်တာ။ဒယ်ဒီ့ကိုလည်းအိမ်မှာလို ဂျစ်မတိုက်ချင်တာကြောင့်ငြိမ်နေပေမဲ့ ဆူပုတ်မိတယ်။

"ဘာဖြစ်သွားတာတုန်း..အဲ့ရုပ်လေးက.."

ခေါင်းငုံ့ထားတာကို ဒယ်ဒီကလက်ညိုးလေးနှင့်မေးစေ့မှ မော့ထားသည်။လက်ညိုးလေးပေါ်ထောက်ထားရတဲ့မျက်နှာကတော့ ဆူပုတ်နေဆဲဆိုပေမဲ့ စကားကိုလိမ်လိမ်မာမာပြန်ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး....ဒယ်ဒီအဆင်ပြေရင်ပြီးတာပဲ..ဒါနဲ့...ဟိုဦးလေးကြီး..ကျွန်တော့်ကိုဒယ်ဒီ့အိတ်ပေး..ဒယ်ဒီ့ရုံးခန်းကိုကျွန်တော်လိုက်ပို့ပေးမယ်..ဦးလေးကြီးကသွားချင်တဲ့ဆီသွားတော့..."

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now