TEENAGER🔞_ep.24

4.3K 181 16
                                    

.
.
"ဒယ်ဒီရေ!!အဲ့အထုပ်လေးဆွဲလာတာဘာလို့ဒီလောက်ကြာနေရတာလဲ..သွားကြမယ်လို့!!"

ဂျယ်ဂျိူဒိုကိုသွားမည့်လေယာဥ်ချိန်တစ်နာရီအလိုကတည်းက.အားလုံးအဆင်သင့်ဖြစ်နေပြီ။အချက်အပြုတ်သန့်ရှင်းရေးတာဝန်ယူထားသောအဒေါ်ကြီးအပါအဝင်လူသုံးဦးသာရှိသောအိမ်ကြီးထဲတွင်တော့အသံစာစာလေးတခုအုပ်စိုးနေသည်။အဝတ်အစားတွေအသုံးအဆောင်တွေအစုံအစိထည့်ထားသောလက်ဆွဲအိတ်ကိုသူနဲ့ထားခဲ့ကာအိမ်ရှေ့စင်ဝင်အောက်ကကားဆီကိုကလေးငယ်ကကျော့ကျော့လေးထွက်သွားနှင့်သည်။အစည်းအဝေးသွားတက်ရမည့်ဥက္ကဋ္ဌကင်ထယ်ယောင်းသည်အနောက်တိုင်းဝတ်စုံကြီးနဲ့မှမလိုက်.ထိုလက်ဆွဲအိတ်ကြီးကိုလှေကားအောက်ထိရောက်အောင်ဆွဲချနေစဥ်မှာအော်သံလေးထပ်ကြားရပြန်သည်။

"ဒယ်ဒီကလည်းလာနေတာမပြီးတော့ဘူး..သွားချင်နေပါပြီဆိုမှ...."

အိမ်မှာအဒေါ်ကြီးတယောက်လုံးရှိနေတာကို ဘာတွေစိတ်မချဖြစ်နေမှန်းမသိ.အချိန်တွေဆွဲနေတာကြောင့်ခြေဆောင့်လိုက်မိသည်။နှေးတိနှေးတုတ်လုပ်နေတဲ့ဒယ်ဒီကြီးအား.အားကိုမရပေ။

"ဟိုလေ.."

ကားနားရောက်လာတဲ့အတွင်းရေးမှူးဟာကျွန်တော့်ကိုခေါ်ဖို့အတွက်တောင်တွန့်ဆုတ်တွန့်ဆုတ်နဲ့။ဒယ်ဒီ့အတွင်းရေးမှူးဆိုသူဟာကျွန်တော့်ကိုဘာတွေကြောက်နေမှန်းမသိပေ..။ဟိုတခါရုံးခန်းထဲကအ​ဖြစ်အပျက်ကြောင့်နောက်ပိုင်းအတွင်းရေးမှူးကိုမြင်တာနဲ့ရှောင်မိပေမဲ့ကြာလာတော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာကကျွန်တော့်ဘက်ကပဲထင်တယ်။ထိုအတွင်းရေးမှူးဟာတော့ဆုံတာနဲ့ကျွန်တော့်ထက်ပိုရှက်နေတဲ့ပုံစံကြီး။

"ကျွန်တော်နဲ့ဒယ်ဒီခရီးသွားမလို့လေ..အတွင်းရေးမှူးကြီးကဘာလို့ရောက်လာရတာလဲ.."

"လေယာဥ်ကွင်းထိကျွန်တော်လိုက်ပို့ပြီးကားပြန်ယူလာရမှာမလို့ပါ..ဥက္ကဋ္ဌကလည်းမှာစရာရှိ​သေးတယ်ဆိုလို့....ဒါနဲ့ဥက္ကဋ္ဌရော..."

"အထဲမှာ...ခရီးဆောင်အိတ်ဆွဲလာနေတယ်..."

ဥက္ကဋ္ဌဟာတ​ယောက်တည်းသာဆိုလျှင်ခရီးဆောင်အိတ်ထိတခါမှမထည့်ခဲ့လို့အတွင်းရေးမှူးဝင်သွားကြည့်လိုက်သည်။လူတကိုယ်စာဝင်လို့ရတဲ့ခရီး​ဆောင်အိတ်အကြီးကြီးကိုမနိုင်မနင်းနဲ့လှေကားကိုဆင်းနေတာကြောင့်မျက်လုံးပါပြူးသွားရင်းအပြေးသွားကာဝိုင်းကူပေးလိုက်သည်။သူတို့ချစ်ကြောက်ရိုသေရတဲ့ဥက္ကဋ္ဌဟာသူ့မွေးစားသားလေးနဲ့ကျမှပဲအထုတ်ဆွဲသမားပင်​ဖြစ်လို့။တယောက်တည်းသွားဖို့စီစဥ်ထားပြီးမှမွေးစားသားလေးကြောင့်သွားလာရေးအစအစီအစဥ်တွေပြောင်းကုန်ပြီးတစ်လကိုးသီတင်းလောက်နေမည့်အထုတ်ကြီးနှင့်မွေးစားသားလေးရဲ့အာဏာကတော်တော်လေးပျင်းထန်လောက်သည်။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now