TEENAGER🔞_ep.22

5.3K 240 36
                                    

Unicode
.
.
အစည်းအဝေးခန်းထဲပျင်းထန်စွာထွက်လာတဲ့တောက်ခေါက်သံကြောင့်ဝန်ထမ်းတွေအကုန်လုံးမျက်နှာတွေငယ်ကာတခွန်းမှမဟရဲပေ..။

"ဒါနောက်projectအတွက်ဟုတ်လား...ဒီသောက်သုံးမကျတဲ့projectကိုငါကရှယ်ယာရှင်တွေရှင်းပြရမယ်ပေါ့..ဒီဘာအဆင့်မှမရှိတဲ့ဟာကိုငါ့ကိုဘယ်လိုသတ္တိနဲ့လာတင်ပြရဲတာလဲ!!"

ဖိုင်တွဲတွေကိုစားပွဲပေါ်အချက်များစွာထုလျက်နောက်ဆုံးအခန်းထောင့်ထိရောက်အောင်လွှတ်ပစ်လိုက်တာမို့ယောကျာ်းလေးဝန်ထမ်းတွေပင်တုန်တက်သွားကြသည်။ဒါတောင်အနည်းဆုံးလုပ်သက်3နှစ်အထက်.အစည်းအဝေးသေးသေးလေးတွေမှာဥက္ကဋ္ဌကင်ထယ်ယောင်းနဲ့အပြန်အလှန်ဆွေးနွေးနေဖူးကြသူတွေ..။အလုပ်သင်လေးတွေကတော့အခန်းရဲ့အဝမှာမတ်တပ်ရပ်လျက်ဥက္ကဋ္ဌကင််ထယ်ယောင်းရဲ့ဒေါသတကြီးပုံစံကိုအခုမှမြင်ဖူးတာမို့ကြောက်ဒူးပင်တုန်နေကြသည်။

အနီးဆုံးနေရတဲ့အတွင်းရေးမှူးတောင်.ဒီလိုအချိန်မှာဘာစကားမှဝင်မပြောတာအကောင်းဆုံးဆိုတာသိသည့်အတွက်ဘေးနားမှာမတ်တပ်ရပ်သာနေသည်။အခုကိစ္စကဝန်ထမ်းတွေအလုပ်မှာအားမစိုက်လို့ရလဒ်မကောင်းတာကြောင့်ဥက္ကဋ္ဌပိုဒေါသထွက်နေတာဖြစ်သည်။တန်တာထက်ကိုလစာဆိုလည်းပမာဏများများပေးတာမို့ဥက္ကဋ္ဌဟာဝန်ထမ်းတွေကိုမညှာမတာတော့မခိုင်းပါ။

"ပြောကြလေ!ဒါမင်းတို့လုပ်နိုင်သလောက်အကုန်ပဲလား...ဒီလိုprojectလောက်လေးကတော့တခြားcompanyတွေမှာအကုန်သုံးဖူးသွားတဲ့အနေအထား..ငါ့ဆီမှာဒီလိုဉာဏ်တုံးတဲ့ဝန်ထမ်းတွေဘယ်တုန်းကရှိသွားတာလဲ!"

ဒီထက့်ပိုကောင်းအောင်လုပ်ပါ့မယ်..တောင်းပန်ပါတယ်..အကောင်းဆုံးဖြစ်အောင်ပြင်ဆင်လာခဲ့ပါ့မယ်...ဆိုသည့်စကားတွေအားအစည်းအဝေးခန်းတွင်ရှိနေသောဝန်ထမ်းတိုင်းပြောချင်ပေမဲ့လည်းတယောက်မှမပြောရဲကြပါ။

မည်းနက်လွန်းတဲ့မျက်ခုံးတန်းတန်းတို့ဟာအနည်းငယ်သာကျုံ့ထားပေမဲ့မျက်တောင်ကော့တွေကိုလှန်ထားတဲ့မျက်လုံးတွေအားစိတ်ကူးထဲမှာပင်မဆုံရဲ။အံကျိတ်ထားတာကြောင့်တင်းတင်းစေ့နေတဲ့နှုတ်ခမ်းပါးတွေ.မေးရိုးချွန်ချွန်တွေနဲ့
မျက်နှာသွယ်သွယ်လေးဟာရုပ်လေးနဲ့မလိုက်အောင်ကြောက်စရာကောင်းနေသည်။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now