TEENAGER🔞_ep.27

3.3K 146 23
                                    

.Unicode
.
"စာကောင်းကောင်းသင်ခဲ့နော်ဘေဘီ..ဒယ်ဒီ့ကိုpopoပေးခဲ့ဦး..."

ကျောင်းရှေ့ရောက်တာနဲ့မှာတမ်းစကားခြွေပြီးpopoပေးဖို့မေ့နေမှာကိုလည်းဥက္ကဋ္ဌKim​ကြောက်ပြန်တယ်။ပါးလေးကိုတိုးပေးတော့နှုတ်ခမ်းဖူးဖူးလေးကလည်းအလိုက်တသိထိကပ်လာသည်။

"ပြွတ်စ်...ဒယ်ဒီသားကိုကလေးလေးလိုဆက်ဆံနေတာဘယ်တော့မှရပ်မှာလဲ..တက္ကသိုလ်ကျောင်းသားကိုအဲ့လိုမှာတာသူများတွေကြားရင်ရယ်စရာကြီးဖြစ်လိမ့်မယ်..."

"ဘေဘီက ကလေးလေးပဲလေ..ဒယ်ဒီ့မိန်းမလေးလို့ကအခုခေါ်လို့မကောင်းဘူး.ဒယ်ဒီအလုပ်ကောင်း​ကောင်းလုပ်ချင်တယ်..သိရဲ့လားဘေဘီ.."

"သိပါပြီappa..သွားတော့မယ်..လာကြိုရင်နောက်မကျနဲ့နော်..နောက်ကျရင်သားကပါချင်တဲ့ဆီပါသွားမှာ.."

"ဟုတ်ပါပြီဗျာ..အရင်တခါလိုမဖြစ်စေရပါဘူး.."

တခါကသူ့အလုပ်ကြောင့်ကလေးငယ်ကျောင်းကြိုချိန်ကိုသတိမေ့သွားတဲ့အခါကလေးငယ်ဟာဟိုကောင်လေးတွေနောက်ကိုပါသွားတာသူ့မှာနေရာစုံလိုက်ရှာပြီးမနည်းချော့ခေါ်ခဲ့ရသည်။
ကျောင်းကြိုချိန်သတိမေ့တာတော့သူ့အပြစ်ဖြစ်သွားပြီမို့ကလေးငယ်လျှောက်သွားနေလည်းဆူခွင့်မရှိ။အခုသတိသာပေးနေပေမဲ့အဲ့ဒါကအခွင့်အရေးမို့ကလေးငယ်ကသူလာကြိုတာနောက်ကျပါစေလို့တောင်ဆုတောင်းချင်တောင်းနေမှာ။

ကလေးငယ်ကျောင်းထဲသေသေချာချာရောက်ပြီးဆိုတာနဲ့လောဘတွေနဲ့ပြည့်နေတဲ့လူတွေသာရှိတဲ့အလုပ်ဆီသွားရတော့သည်။ရောက်တာနဲ့မနက်ပိုင်းရှယ်ယာရှင်တွေနဲ့အစည်းအဝေးတက်ရသည်။သူသည်ဥက္ကဋ္ဌတယောက်ဖြစ်ပြီးအစည်းအဝေးအခန်းထဲမှာရှိတဲ့လူတိုင်းဟာသူ့ထက်ကြီးသူတွေချည်းသာ။အသက်ငယ်ငယ်လေးနဲ့ဖခင်ထားခဲ့တဲ့companyကိုဦးစီးဖို့စီးပွားရေးလောကထဲစတင်ခြေလှမ်းလှမ်းချိန်မှာအနှောက်အယှက်နဲ့ဒုက္ခသာပေးခဲ့တဲ့လူတွေဟာလည်းဒီအစည်းအဝေးခန်းထဲအပြုံးတုနဲ့ကြိုဆိုနေတယ်။လူတွေကမာယာများတယ်လေ..။သူလည်းတချိန်ကမာယာများခဲ့တာပါပဲ...။

အစည်းအဝေးသည်ပုံမှန်အတိုင်းပဲတာဝန်ခံကတင်ပြသည်များကိုဥက္ကဋ္ဌကနားထောင်ပေးပြီးလိုအပ်သည်များကိုပြန်ပြောသည်။ရှယ်ယာရှင်တွေထဲကလည်းအကြံဥာဏ်ပေးစရာရှိရင်လက်ရှိမှာဥက္ကဋ္ဌKimကိုတိုက်ရိုက်ပြောနေလို့ရသည့်အတွက်မေးခွန်းတွေဟာလည်းအများအပြား...။
companyရဲ့ရှေ့ဆက်အောင်မြင်မှုကိုအခိုင်အမာအာမခံထားသည့်ဥက္ကဋ္ဌKimကိုအသက်ငယ်တဲ့အရာတခုထဲနဲ့တော့အားနည်းချက်အဖြစ်သွားတိုက်ခိုက်လို့မရ..။ဥက္ကဋ္ဌKimရဲ့အကြံဥာဏ်.ဥက္ကဋ္ဌKimရဲ့ရင်းနှီးမှု.ဥက္ကဋ္ဌKimရဲ့ဦးဆောင်မှုတွေနဲ့အောင်မြင်ဖြစ်မြောက်ခဲ့တာတွေကသက်သေပြနေတယ်..။
ကိုယ့်ထက်အသက်ကြီးလို့ဒီလိုအချိန်မှာအထူးတလည်လေးစားမနေပါ..။သူ့အရည်အချင်းကိုယုံကြည်ပြီးသူဟာအားလုံးရဲ့အမြင့်ဆုံးမှာမို့ဥက္ကဋ္ဌKimဟာမော့ချီနေသောမျက်နှာနဲ့ပဲတချိန်လုံးနေတယ်။

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now