TEENAGER🔞_ep.17

5.9K 216 6
                                    

.Unicode
.
💬yar...jimin nah.ဒီကျောင်းပိတ်ရက်မင်းဘာလုပ်မှာလဲ...

စိတ်ပါပါမပါပါလုပ်နေရသောစာကို.အရှေ့ကဆရာရှင်းပြနေတာအား ဂရုတစိုက်ကြည့်နေစဥ်ဟွန်းဆောကစာလှမ်းပို့လာသည်။ခွေးကောင်...ဆရာထွက်သွားမှပြောလို့ရ ရဲ့သားနဲ့.သူသာဖုန်းကိုmuteမလုပ်ထားမိရင် ဒီအပေါက်ဆိုးတဲ့ဆရာနဲ့တော့ဂွမ်းတော့မှာပဲ...။သူ့ဘက်ကစာပြန်မပို့မချင်းအနောက်က ဟွန်းဆောက ဆက်တိုက်ပို့နေဦးမှာကြောင့် စာအုပ်ကိုထောင်လိုက်ပြီး လက်တဖက်နဲ့စာရိုက်ပြီးပြန်ပို့လိုက်သည်။

💬ဘာမှမလုပ်ဘူး..ဒယ်ဒီကအခုတလောငါ့ကိုစည်းကမ်းနည်းနည်းတင်းထားတယ်...အပြင်ထွက်ခွင့်ပေးမှာမဟုတ်ဘူး...

အပြင်သွားဖို့အဖော်စွယ်နေတာသူသိတာမို့.ဒီအပတ်တော့ ဒယ်ဒီ့ဆီကမုန့်ဖိုးရဖို့လိမ်မာပြရမည်။ငြင်းလိုက်ပေမဲ့လည်း.အရှေ့ကဆရာကိုအကြောက်လန့်မရှိတဲ့ကောင်က စာထပ်ပို့ပြန်သည်။

💬ငါ့appaဆီကမုန့်ဖိုးတွေရထားလို့.အဖွဲ့လိုက်ငါကျွေးချင်လို့ကို..မင်းရှင်းသမျှပဲငါတို့လိုက်စားနေတာကြာပြီမလား.. ဒီတစ်ပတ်လုံးမင်းတရက်မှ ကျောင်းမပျက်လို့ငါတို့လည်းဘယ်မှမသွားရဘူးလေကွာ...မင်းဒယ်ဒီကမင်းချွဲရင်ရတာပဲကို...လိုက်ခဲ့စမ်းပါ..မူမနေနဲ့...

💬Fuck!.ငါကဘာကိစ္စမူရမှာလဲ..ဒယ်ဒီလွှတ်မှာမဟုတ်ဘူးဆိုတာငါကြိုသိနေလို့...မင်းတို့ပဲသွားကြစမ်းပါ...

သူ့ဆီကဆဲသံရတာနဲ့ နောက်ကျောမှဟွန်းဆော၏ ပါးစပ်ပိတ်ပြီးကျိတ်ရယ်သံကြီးကြားရသည်။ဆရာကြားသွားမှာစိုးလို့ဟွန်းဆောအစား သူကလန့်နေပေမဲ့.မြင်းသံလိုရယ်သံကြောင့်ဘေးကကျောင်းသားတချို့တောင် လှည့်ကြည့်ကုန်ကြပြီ...။သူ့ဆဲဆိုတာက ဟွန်းဆောအတွက် ဟာသထက်ပိုရယ်စရာကောင်းနေလားတော့မသိ။

💬ငလူးကောင်...မင်းရယ်သံကြီးကိုတိတ်ပါတော့...ပိတ်ရက်ကျရင် ဒယ်ဒီ့ကိုငါပြောကြည့်မယ်

💬အဲ့လိုလုပ်စမ်းပါ.....ဒီတခါအခန်းခငါရှင်းမှာ...ပိုက်ဆံပိုရထားတော့ ကောင်မလေးတယောက်လည်းခေါ်မလားလို့..

TEENAGER⚠{ဆယ်ကျော်သက်}VMINWhere stories live. Discover now