Part 6

901 71 1
                                    

Part 6

" သူဌေး..သူဌေး "

အပြင်ကပြန်လာပြီး ဆိုင်ထဲရေးကြီးသုတ်ပြာဝင်လာတဲ့
ကျင်းလင် သူလက်ကိုဆွဲကာ အပြင်ကိုခေါ်ထုတ်လာသည်။

"  ဘာဖြစ်တာလဲကွာ "

" ဟို..ဟို ငါးမူးလိုနေတဲ့ကောင်လေးလေ "

" ငါးမူးလိုနေတာ ဘယ်သူလဲ ရိပေါ်လား "

" ဟိုမှာကြည့်..."

" လူအုပ်ကြီး ဘာဖြစ်လို့လဲ "

ရှောင်ကျန့်လူအုပ်ထဲဝင်ကြည့်တော့
ကောင်လေးကနေသည်။ နေပူကြီးထဲမှာကနေတဲ့
ကောင်လေးကို ရှောင်ကျန့် မမှိတ်မသုန်ကြည့်နေမိသည်။

" သားသားကတာကြည့်ပြီးရင်း ပ်ိုက်ဆံပေး "

ရိပေါ်ကပြီးတော့ ဦးထုတ်ချွတ်ကာ သူ့ကိုဝိုင်းကြည့်နေတဲ့သူတွေဆီကပိုက်ဆံလိုက်တောင်းနေသည်။

" မပေးပဲနဲ့ ထွက်မသွားနဲ့နော် သားလူတွေအကုန်မှတ်မိတယ် အိမ်ထိလိုက်တောင်းမှာ "

ရိပေါ်တောင်းရင်း သူ့ရှေ့ရောက်လာသည်။
သူရိပေါ်လက်ကို ဆုပ်ကိုင်လိုက်သည်။

"  ပိုက်ဆံပေးပါဆို ဘာလို့လက်ကိုလာကိုင်တာလဲ "

" ကိုကို့ကိုမော့ကြည့်ပါအုန်း "

ရိပေါ် မော့ကြည့်လိုက်တော့ ကိုကို့ကိုတွေ့ရသည်။

" ကိုကို..ကိုကိုလည်းလာကြည့်တာလား
ကိုကိုဆီက သားပိုက်ဆံမယူဘူး "

ရှောင်ကျန့် ကလေးလက်ကိုဆွဲကာ
ဆိုင်ထဲခေါ်လာလိုက်သည်။

" ကိုကိုဘာပြောမလို့လဲ မြန်မြန်ပြော သားပိုက်ဆံရှာရအုန်းမှာ "

" ကိုကို့ကိုလိုချင်ရင် ပန်းတစ်စည်းနဲ့တင်တောင်းရင်ရပြီ
ပိုက်ဆံမလိုဘူး "

" တကယ်လားကိုကို. "

" တကယ်ပါ ပေါ်လေးရဲ့ "

" ပြောပြီးစလစ်နံပတ်တစ်နော် "

" ဟုတ်ပါပြီ..အဲ့ဒါကြောင့်ပိုက်ဆံမရှာ.."

"  ပါပါးကိုပိုက်ဆံအပ်ပြီးရင် သားအဲ့လိုပြောလိုက်မယ် "

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now