Part 37🚨

1K 54 4
                                    

Part 37

ကျီဟန်သူမင်္ဂလာပွဲကိုအကျဥ်းမရုံးပဲ
ကြီးကျယ်ခမ်းနားစွာ လုပ်ခဲ့သည်။
သူဘာလုပ်ချင်ချင် ကုန်းကျွင်းက မငြီးငြူပဲ
လုပ်ပေးလေသည်။

" ပင်းပန်သွားပြီလား အစ်ကို "

" အင်း "

တနေ့ကုန်မင်္ဂလာပွဲအတွက်ပြင်ဆင်
ညရောက်တော့ ဧည့်သည်တွေ ဧည့်ခံရနဲ့ အစ်ကို
သိပ်ပင်ပန်းသည်။ ဘာကြောင့်ကြီးကြီးကျယ်ကျယ်
လုပ်ချင်ခဲ့ရတာလဲ အခုတော့ ပင်ပန်းလွန်းလို့
ကုတင်ပေါ်လှဲချနေသည်။

" အစ်ကို ရေစပ်ပြီးပြီ "

" အင်း.."

ကုန်းကျွင်း အစ်ကိုအင်္ကျီကြယ်သီးဖြုတ်ပေးလိုက်သည်။

" အစ်ကိုထအုန်း "

ကျီဟန်မျက်လုံးမဖွင့်ပဲထထိုင်သည်။

ကုန်းကျွင်းအဝတ်အစားတွေကိုချွတ်ပေးလိုက်သည်။
ပြီးတော့အစ်ကို့ကိုပွေ့ချီကာ ရေကန်ထဲစိမ်ပေးလိုက်သည်။

" တနေ့ကုန်မက်တပ်ရပ်လမ်းလျှောက်ရနဲ့
အစ်ကိုအရမ်းပင်ပန်းနေပြီ "

" အင်း..ဒါပေမဲ့ပျော်တယ်မင်းနဲ့ငါနဲ့တရားဝင်လက်ထပ်ထားတာ အကုန်လုံးသိကုန်ပြီ "

" အစ်ကိုပျော်ရင် ကျွန်တော်လည်းပျော်ပါတယ် "

ကုန်းကျွင်း အစ်ကိုကျောကိုတိုက်ပေးရင်းဆိုလိုက်သည်။
ရေချိုးသန့်စင်ပေးပြီး အစ်ကို့ကိုညဝတ်စားဝတ်ပေးလိုက်သည်။

အစ်ကိုသူ့ပုခုံးကိုတွဲခိုကာ နှုတ်ခမ်းကိုလာနမ်းသည်။

" ချစ်တယ် ကျွင်းကျွင်း "

" ကျွန်တော်ရေချိုးလိုက်အုန်းမယ် "

" အင်း.."

ကုန်းကျွင်းရေချိုးပြီးတော့ အစ်ကိုဝိုင်သောက်နေတာ
တွေ့ရသည်။

" အစ်ကိုမတည့်ဘူးလေ "

" ဒီညတော့ပျော်တယ်လေ သောက်ခွင့်ပေးပါ "

ကုန်းကျွင်း အစ်ကို့ကိုပွေ့ချီပြီးနမ်းလိုက်သည်။

" အရမ်းချစ်တယ် အစ်ကို "

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now