Part 10

870 70 0
                                    

Part 10

" ပေါ်ပေါ်! "

ရှောင်ကျန့်အော်သံကြားတာကြောင့် ဘေးခန်းကိုပြေးဝင်လာလိုက်သည်။

" ဟန်..ဟန်ဘာဖြစ်လို့လဲ "

ကျီဟန် အိမ်မက်ဆိုးကလန့်နိုးလာပြီး မောနေသည်။

" ရေသောက် "

ရှောင်ကျန့်ရေငှဲ့ပေးကာ တိုက်လိုက်သည်။

" မင်း ဘယ်လိုလုပ်ဒီရောက်နေတာလဲ "

" ငါ့ညကအိပ်မပျော်လို့ မင်းအိမ်ကိုထွက်လာပြီး
ကလေးအခန်းမှာ ဝင်အိပ်နေတာ..ဟန်
မင်း ကိုယ်နည်းနည်းပူနေတယ် မိုးလင်းတာနဲ့
ငါတို့ဆေးခန်းသွားရအောင် "

ကျီဟန် နာရီကြည့်လိုက်တော့ မနက်လေးနာရီထိုးနေပြီး
ဖြစ်သည်။

" ငါဘာမှမဖြစ်ပါဘူး ပေါ်လေးကိုလွမ်းလို
လွမ်းဖျားဖျားတာနေမှာပါ..မင်းပြန်အိပ်တော့လေ "

" မင်းအရင်အိပ်ပါ "

ဟန်အိပ်ပျော်သွားတော့ ရှောင်ကျန့် ရေနွေးဝတ်ယူကာ
ဟန်နဖူးကို တင်ပေးလိုက်သည်။

☀️☀️☀️

" ဟန် မင်းဘာလို့ထလာတာလဲ နေမကောင်းတာကိုး
လှဲမနေဘူး "

ရှောင်ကျန့် ဆန်ပြုတ်ပြုတ်ရင်း လှည့်ကြည့်လိုက်သည်။

" အဝတ်အစားအပြည့်နဲ့..ဘာလဲ ကုမ္ပဏီသွားမလို့လား "

" အင်းရှောင်ကျန့် ဒီနေ့သူဌေးယူမင်က
အရေးကြီးဧည့်သည်နဲ့တွေ့ဖို့ရှီတယ်..ငါစားသောက်ဆိုင်
ကောင်းကောင်းစီစဥ်ပေးရမယ်
လုပ်ရမဲ့အလုပ်တွေများတယ် "

ရှောင်ကျန့်စားပွဲပေါ်မှာ ဆန်ပြုတ်ချပေးပြီး
သက်ပြင်းချလိုက်သည်။

" ငါဘာမှမဖြစ်ပါဘူး "

" ဟန် အဲ့တာတွေ တခြားသူလုပ်လည်း ရတာပဲ
ဘာလို့မင်းမှလဲ "

" ငါ့ကသူဌေးရဲ့အတွင်းရေးမှူးလေ စိတ်မပူနဲ့
ဆန်ပြုတ်အရမ်းသောက်ကောင်းတယ်
မင်းလည်းတစ်ခုခုစားပြီးမှ ဆိုင်သွား
အခုငါသွားတော့မယ် "

" ဟန်.."

တားမရတဲ့ဟန်ကြောင့် ရှောင်ကျန့်စိတ်ပူရသည်။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now