Part 36

653 61 10
                                    

Part 36

" အစ်ကို ဒီနေ့ကျွန်တော်ကုမ္ပဏီသွားရမယ် "

အစ်ကိုထမင်းစားရင်းနှုတ်ခမ်းဆူသွားသည်။
ကုန်းကျွင်းဒီနေ့ကုမ္ပဏီသွားရင်း ဆေးရုံဝင်ပြီး
ဆရာဝန်နဲ့လည်း ဆွေးနွေးချင်လို့ဖြစ်သည်။

"  အစ်ကိုရှောင်ကျန့်..ဆိုင်မသွားပဲ
အစ်ကို့ကိုစောင့်ရှောက်ပေးပါ "

" ဟန်ကိုစိတ်ချလိုက်ပါ..စောစောတော့ပြန်လာခဲ့ "

" ဟုတ်ကဲ့ "

ကုန်းကျွင်းအစ်ကို့ပါးကိုနမ်းမဲ့အလုပ်
ငယ်လေးကိုကြည့်လိုက်တော့ ငယ်လေးနှုတ်ခမ်းဆူနေသည်။
ကုန်းကျွင်း ပိုက်ဆံထုတ်ကာ ငယ်လေးကိုပေးလိုက်သည်။

" ပါပါးကိုယွမ်တစ်ရာနဲ့ စျေးဖျက်တယ်ပေါ့ "

ရိပေါ်စကားကြောင့် ကုန်းကျွင်းနောက်တစ်ရွက်
ထက်ပေးလိုက်သည်။

" ယွမ်၂၀၀..ပါပါးကိုယွမ်နှစ်ရာနဲ့ "

ရိပေါ် မျက်နှာရှုံမဲ့သွားကာပြောလေ၏

ကုန်းကျွင်း ပိုက်ဆံအထက်လိုက်ပေးလိုက်သည်။

"  တစ်အုပ်ထဲပဲလား အစ်ကိုကြီး "

ကုန်းကျွင်းနှုတ်ခမ်း ပါးနားမရောက်ခင် ရပ်တန့်သွားသည်။

" ကိုကြီးမေ့သွားတယ်..ကိုကြီးကိုကမှားတာပါ
ငယ်လေးရဲ့ပါပါးကအဖိုးတန်လေး ပိုက်ဆံနဲ့တန်ဖိုးဖျက်လို့မရဘူး "

" ဒါပေါ့ ကိုကြီးနားမ.."

လက်ထဲရွှေရောင်ကဒ်ထည့်ပေးလိုက်တော့
ရိပေါ်အပြစ်တင်စကားဆုံးအောင်မပြောတော့ပဲ
သူ့လက်နှစ်ဖက်နဲ့ မျက်လုံးကိုပိတ်လေ၏

"နမ်း..နမ်းကြိုက်သလောက်နမ်း သားမျက်စိပိတ်ထားတယ် "

ကုန်းကျွင်း အစ်ကို့ပါးကိုမြတ်နိုးမှုခြင်းများစွာနဲ့
နမ်းလိုက်သည်။

" စောစောပြန်လာမယ်နော် အစ်ကို "

အစ်ကိုခေါင်းညိတ်ပြီး မနက်စာဆက်စားပြီး
ကျန်ခဲ့လေသည်။

" အော့..အော့ "

ကလေးအန်နေတာကြောင့်  ရှောင်ကျန့်ကျောကို
ထုပေးနှိပ်ပေးလိုက်သည်။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now