Part 43

690 54 5
                                    

Part 43

လှပသော ထမင်းစားခန်း၌ အစာအစားများ
စုံလင်တဲ့အပြင် မိသားစုတွေလည်း ပျော်ရွှင်နေကြ၏

" ပါပါး သားခွံမယ်..ဟ "

ကျန့်ကျီဟန် ဟွားဟွားလေးကိုနို့ဗူးတိုက်ရင်း
ပါးစပ်ဟပေးလိုက်သည်။

" ကောင်းလားပါပါး "

" အရမ်းကောင်း..နော့ ဟွားဟွားလေးရာ "

" ခစ်ခစ်..ခစ်ခစ် "

ကျီဟန်ကမြူလေ ကလေးကရယ်လေ
သားလေးက ဟန်ကိုအတော်သဘောကျနေပုံရ၏တခြားသူချီထားလျှင် ထငိုပြီး
ဟန်ချီတာနဲ့ အငိုသိပ်သွားသည်။

" ဟန်ကလေးအိပ်သွားပြီလား "

" အင်း "

ဟွားဟွားကဟန်ရင်ခွင်ထဲမှာအိပ်ပြီး
ရိပေါ်က ဟန်ပေါင်ပေါ်ခေါင်းပြုကာ အိပ်နေ၏

"  မင်းညောင်းတော့မှာပဲ "

ကလေးကိုခေါင်းအုံပေါ် ခေါင်းပြုအိပ်စေလိုက်သည်။
ဟွားဟွားကိုလည်း ဟန်လက်ထဲက ပြောင်းချီလိုက်သည်။

"  ငါသွားအိပ်တော့မယ် "

" ဟန်..မင်း "

"  ဘာလဲ "

ဟန်ကို စိတ်အနှောက်အယှက်မပေးတာကြောင့်
ခေါင်းရမ်းလိုက်သည်။

" ဘာမှမဟုတ်တော့ဘူး "

ရှောင်ကျန့် ကလေးကိုစောင်ခြုံပေးနေစဥ်
ဟန်ဆီက အမေးစကားကြောင့် မော့ကြည့်လိုက်မိ၏

" သူတကယ်ပဲ တစ်နှစ်နှစ်လုံးလုံး ငါ့နားကမခွာပဲ
စောင့်နေခဲ့တာလား "

" ဒါပေါ့ "

ဟန်ပြုံးပြီး အပြင်ကိုထွက်သွားသည်။

" ဟန်..မင်းတော့! "

ရှောင်ကျန် ပြုံးလိုက်မိ၏

ကျီဟန်  အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်နိုင်ဖြစ်နေမိ၏

" ဘာလဲ သူကရိုးသားတာလား "

ကျီဟန်  စားပွဲတင်ထားတဲ့မီးအိမ်ခလုတ်ကို
နှိပ်လိုက် ဖွင့်လိုက်နဲ့လုပ်နေမိသည်။

" အစ်ကိုဘာဖြစ်လို့လဲ အိပ်မပျော်ဘူးလား "

အသံကြောင့်ကြည့်လိုက်တော့ ကုန်းကျွင်းတံခါးဝကနေပြောနေခြင်းဖြစ်သည်။

" အင်း..သူများအိမ်ဆိုတော့ အိပ်မပျော်ဘူး "

ကျီဟန် မကျေနပ်စွာဆိုလိုက်ခြင်းဖြစ်၏

" ဒါအစ်ကိုအိမ်ပါ "

"  ဘာလို့ငါ့အိမ်လဲ "

" အစ်ကိုနဲ့ကျွန်တော်လက်ထပ်ထားတဲ့အတွက်
ဒီအိမ်တစ်ခုလုံး အစ်ကိုပိုင်တယ် "

" အဲ့လိုလား အဲ့တာဆိုဘာလို့ ငါတစ်ယောက်တည်း
အိပ်နေရတာလဲ "

အစ်ကို စောင်ခြုံထဲကနေ မျက်လုံးကလည်ကလည်နဲ့
မေးနေသည်။

" ဗျာ! "

" သြော်..ငါ သိပြီ..ငါ့ကကျန်းမာရေးမကောင်း
အတိတ်မေ့နေတော့ မင်းကလူရာမသွင်းတာပေါ့ "

" ဗျာ..မဟုတ်ပါဘူးအစ်ကို
အဲ့လိုမဟုတ်ရပါဘူး "

အစ်ကိုသူကိုဆူပုတ်စွာကြည့်နေသည်။

" အစ်ကိုက ကျွန်တော်နဲ့အိပ်ချင်လို့လား "

ကုန်းကျွင်းအရဲစွန့်ကာ ထပ်မေးလိုက်သည်။

" မအိပ်ချင်ပါဘူး "

" ဗျာ!.."

ကုန်းကျွင်းကြောင်သွားသလို
အစ်ကိုလည်း စောင်ခေါင်းမြှီးခြုံသွားသည်။

" ကောင်းသောညပါ အစ်ကို "

ကုန်းကျွင်းနှုတ်ဆက်ပြီး အစ်ကိုနားက
ဖွင့်နေတဲ့မီးအိမ်ကို ပိတ်ခဲ့လိုက်သည်။

" အရူး "

အခန်းတံခါးပိတ်သံအကြား ကျီဟန်ဆိိုလိုက်ခြင်းဖြစ်၏







အနှိုင်းမဲ့မေတ္တာWhere stories live. Discover now