Part 19

797 70 1
                                    

Part 19

" အစ်ကို..အစ်ကိုလည်းစားလေ "

ရှောင်ကျန့်ကလေးကို အစာကျွေးနေပေမဲ့
သူ့တစက်မှမထိရသေးတာကြောင့် အားရှန်းက
ဆိုလိုက်တာဖြစ်သည်။

" သားသားခွံမယ် "

ရှောင်ကျန့်စားချင်စိတ်မရှီပေမဲ့ ကလေးခွံတာကို
စားလိုက်သည်။

" ပေါ်ပေါ်ပဲစားနော်.."

အမဲသားဖတ်ပါခွံ"

"  ဟုတ်ပါပြီ အသဲလေးရဲ့ "

ပေါ်ပေါ်က ခေါက်ဆွဲအရမ်းကြိုက်သည်။
အီတလီခေါက်ဆွဲ..အမဲသားခေါက်ဆွဲ..ဝက်သလုံးခေါက်ဆွဲ..ခေါက်ဆွဲကြော်..ခေါက်ဆွဲနဲ့ပတ်သတ်ရင်
အကြော်..အပြုတ် အားလုံးသူကြိုက်သည်။

" ကိုကို ပါပါးကသူမလာခင် ကိုကို့ကိုအရင်လာခိုင်းတာ
ဟုတ်လား  "

"  ဟုတ်တယ်လေ ကလေးရဲ့..ကလေးမေ့သွားပြီလား
အရင်က ပါပါးခရီးထွက်တော့ ကလေးကို
ကိုကိုနားထားတာလေ အခုလည်း အဲ့လို့ပဲ "

" အရင်လိုလက်ခုနှစ်ချောင်းပြည့်မှ ပြန်လာမှာလား "

" အင်း "

" အရင်ကဟုတ်တယ် အခု ပါပါးမရှီတာ
သားနှလုံးသားနာကျင်နေတယ် အဲ့တာဘာဖြစ်လို့လဲဟင် "

"  ဘာမှမဖြစ်ပါဘူး  "

" သားညကျရင် ဖုန်းဆက်လို့ရလားဟင် "

" မရဘူးအသဲလေးရဲ့..ဟန်ရဲ့သူဌေးက ခွင့်မပြုဘူး "

" ဟွန့်..သူဌေး အကျင့်ပုတ် "

ဆေးသောက်ခံနီးတော့ ပေါ်ပေါ်က
သူ့ကိုကြီးကို မျှော်နေသည်။

" ဘာလို့လဲ ကိုကိုတိုက်သာမသောက်ချင်ဘူးလား "

" သားက ကိုကိုကြီးတိုက်မှသောက်မှာ "

" ဘာဖြစ်လို့လဲ "

အားရှန်း ဝင်လာပြီး ယွမ်တစ်ထောင်ပေးလိုက်သည်။

"  သခင်ကငါးရက်စာတဲ့ ဆေးပုံမှန်သောက်နော် "

ပေါ်ပေါ်ပြုံးပြီး ရွေရောင်သေတ္တာထဲ ပိုက်ဆံထည့်ပြီးမှ
ဆေးသောက်သည်။

"  ဘာတွေလဲ..."

" သခင်လေးက.."

" မမအားရှန့် သားကိုကြီးနဲ့တိုင်မှာနော် "

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now