Part 39

705 53 5
                                    

Part 39

တစ်နှစ်ကြာသောအခါ

" အူ ဝါး...အူ ဝါး "

ကလေးငိုသံကြောင့် ရိပေါ်နားပိတ်ကာအော်လိုက်သည်။

" ကိုကို..ကိုကို! "

ရှောင်ကျန့်ရေချိုးနေရင်းနဲ့မှပြေးလာလိုက်သည်။

" ဘာဖြစ်လို့လဲ အသဲလေး "

" အဲ့ကောင်လေးကိုမငိုအောင်လုပ်ပေး "

" သားကနို့ဆာနေတာနေမှာ အသဲလေးရဲ့ "

" ဟွားလေးရေ.. Daddyရဲ့ဟွားဟွားလေးရေ "

ရှောင်ကျန့် သားလေးကိုမြူလိုက်တော့
သားလေး တခစ်ခစ်နဲ့ရယ်လာသည်။

" ဟားဟား ချစ်စရာလေး "

အားရှန့်ဝင်လာတော့ ရှောင်ကျန့် ကလေးကိုနို့တိုက်ခိုင်းပြီး
ရေဆက်ချိုးလိုက်သည်။

" အသဲလေးထတော့ "

" မထဘူး..မထဘူး "

"ဟားဟား ကိုကိုအသဲလေးက အူယားစရာကောင်းလိုက်တာ "

ရှောင်ကျန့် အသဲလေးကိုနမ်းကာ ပွေ့ချီလိုက်သည်။

" အဟင့်.. ဟင့် မထပါဘူးဆို "

" ကိုကိုရေချိုးပေးမယ်အသဲလေးရဲ့ ပြီးရင်မနက်စာ
စားရမယ်လေ "

" စားဘူး..စားဘူး "

" ဟန်တော့စိတ်မကောင်းဖြစ်တော့မှာပဲ "

" အဟင့်.. ဟင့် အဲ့လိုပြောတာ အကြိမ်ငါးရာမကတော့ဘူး
ပါပါးကိုလည်း တကယ်တွေ့ရတာမဟုတ်ပဲနဲ့ "

အသဲလေးငိုသလို ရှောင်ကျန့်ပါ မျက်ရည်ဝဲလာပေမဲ့
မျက်ရည်မကျအောင် အတက်နိုင်ဆုံး ထိန်းလိုက်သည်။

" ကိုကိုခွံနေတယ်လေ အသဲလေးရဲ့ ပါးစပ်ဟ "

ရိပေါ် မျက်စိမဖွင့်ပဲ မှိတ်ကာ ခေါင်းရမ်းလေသည်။

" ပေါ်ပေါ်မေ့သွားပြီလား ဟန်အမြဲတမ်းပြောတဲ့စကား "

" မေ့ဘူး..မေ့ဘူး "

ရိပေါ်ပါးစပ်ဟပေးသည်။ ရှောင်ကျန့် ကလေးကို
ခေါက်ဆွဲကြော်ခွံလိုက်သည်။

" အသဲလေးက အရမ်းလိမ်မာတာပဲ "

ရှောင်ကျန့် အသဲလေးကိုပွေ့ချီကာ အိပ်ရာပေါ်
ပြန်တင်ပေးလိုက်သည်။

" ဟွားဟွားကိုကြည့်ပါဦး ကလေးလေးရဲ့ "

ရိပေါ်အမြဲတမ်း မျက်စိမှိတ်ထားသည်။
သူပါပါးမရှီတဲ့နောက်ပိုင်း ဘယ်အရာမှမကြည့်ပဲ
မျက်စိမှိတ်ထားလေ၏ ညရောက်မှကြယ်လေးတွေကိုဝရန်တာကနေကြည့်နေ၏ ကလေးမွေးပြီးနောက်ပိုင်းအကျင့်ပြောင်းသွားမယ် ထင်ခဲ့ပေမဲ့
ရိပေါ် ထိုအတိုင်းပဲနေလေ၏

" ကိုကိုဘာပြောထားလဲ "

" ဟွားဟွားကဟန်ကိုယ်ဟွား နေတိုင်းနမ်းရမယ်လို့ပြောထားတယ်လေ "

" အင်းပါ နမ်းမယ်..နမ်းမယ် "

ရိပေါ်မျက်စိဖွင့်ကာ ကလေးလေးပါးကို
နမ်းလိုက်သည်။

" နမ်းပြီးပြီ "

မျက်စိပြန်မှိတ်ထားလေ၏

" သားလေးပြုံးနေတယ်..ပြုံးနေတယ်
မျက်လုံးဖွင့်ကြည့်ပါဦး အသဲလေးရဲ့ "

ရိပေါ်မျက်လုံးဖွင့်ကာ ကြည့်လိုက်၏
ကလေးငယ်လေးက အရမ်းချစ်စရာကောင်းအောင်ပြုံးလေ၏

" သူက ကိုကိုနဲ့တူတာကိုး..ပါပါးနဲ့တူပဲနဲ့"

" ကိုကိုနဲ့တူပေမဲ့ ဟန်ရှီရင်လည်း ဒီကလေးကို
အရမ်းချစ်မှာ "

" အဲ့ဒါဆို ဒီကလေးပါပါးကိုပေးမယ်လေ..ပါပါးကိုပေးရင်
ပါပါးပြန်လာမှာလားဟင် "

" အသဲလေးရယ် "

ရိပေါ်ပါးကိုနမ်းကာ ရှောင်ကျန့်မျက်ရည်ကျလာသည်။
ဟွားဟွားလေးကပါ ရယ်နေရင်းနဲ့ ထငိုလာသည်။
သူလည်း သူဖိုးဖိုးကို သတိရနေတယ်ထင်ပါရဲ့။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now