Part 21

786 68 0
                                    

Part 21

" ပါပါး..ပါပါး "

အိမ်ထဲဝင်ဝင်ချင်း ပေါ်လေးက သူ့ကိုပြေးဖက်သည်။

" ပါပါးကိုသားသားကအရမ်းလွမ်းနေတာ "

" ပါပါးလည်း ပေါ်လေးကိုသတိရနေတာ "

"  ဟန်..."

" ရှောင်ကျန့်! "

ကျီဟန် ရှောင်ကျန့်ကိုဘာဖက်ပြီး နှုတ်ဆက်လိုက်သည်။

" အစ်ကိုအနားယူသင့်ပြီ "

" ပါပါးအိပ်ချင်လို့လား "

" ဥက္ကဋ္ဌ ကလေးကိုစိုးရိမ်ရအောင်မပြောပါနဲ့ "

" အစ်ကိုဆင်းချင်တယ်ပြောလို့ အတင်းဆင်းလာတာ
အခု အစ်ကိုအနားယူဖို့လိုတယ် "

" ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ "

ဥက္ကဋ္ဌက အခန်းထဲထိလိုက်ပို့ပြီး သူ့ကိုလှဲစေသည်။
ဥက္ကဋ္ဌက လူအများရှေ့တောင် သူ့ကိုဂရုစိုက်နေသည်။

" ပါပါးက သားအခန်းမှာအိပ်ရမှာကိုး "

ကုန်းကျွင်း ညီရဲ့နဖူးကို နမ်းလိုက်သည်။

" ငယ်လေးရဲ့ပါပါးကဖျားနေတာ ငယ်လေးနဲ့အတူအိပ်ရင်
ငယ်လေးကိုအဖျားကူးလိမ့်မယ် "

"  ကူးပါစေ..ကူးပါစေ ပါပါးအဖျားသားဆီရောက်ပါစေ
သားဆီရောက်ပြီး ပါပါးပျောက်နော် "

ရိပေါ်ကလှဲနေတဲ့ကျီဟန်နားလာလှဲပြီး ကျီဟန်ကိုဖက်ကာပြောနေသည်။

" ပါပါးနဲ့အိပ်မလား "

" ဟုတ်ကဲ့ပါပါး "

ကျီဟန် ကလေးကိုစောင်ခြုံပေးကာ သူရင်ခွင်ထဲ
ဆွဲသွင်းပြီး အိပ်ပျော်သွားသည်။

ရှောင်ကျန့်နဲ့ ကုန်းကျွင်း ဧည့်ခန်းမှာထိုင်ပြီး
ကော်ဖီသောက်နေလိုက်သည်။

"  ကျွန်တော့်ညီက မွေးရာပါကျက်မပြည့်ဘူးဆိုပေမဲ့
ဆိုးသွမ်းတဲ့လူမဟုတ်ပဲ အရမ်းစိတ်ထားကောင်းတဲ့လူပါ "

" ပေါ်လေးဖြူစင်တာ ကျွန်တော်သိပါတယ် "

" ပေါ်လေးမှာနှလုံးအားနည်းတဲ့ရောဂါလည်း ရှီသေးတယ် "

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now