Part 11

820 68 0
                                    

Part 11

" ဟန်! "

သူ့ဆိုင်ထဲဝင်လာတဲ့ဟန်ကို အံသြစွာခေါ်လိုက်သည်။
ဟန်သည် သူဆိုင်ကိုလာတာ အလွန်ရှားသည်။

" မသက်သာဘူးမဟုတ်လား ဆေးခန်းသွားရအောင်"

" ရှောင်ကျန့်..ငါ့ကလေးရဲ့ကိုကြီးနဲ့ တွေ့ခဲ့တယ်
ကလေးက ငါ့တို့ကိုလွမ်းနေတယ်တဲ့ 
သွားတွေ့ ရအောင် "

" အခုလား "

"  အင်း.."

" ငါ့ဆံပင်တော့ ညှပ်သင့်တယ်ထင်တယ် "

" ဒီအတိုင်းလည်း​ကြည့်ကောင်းပါတယ်
စိတ်လှုပ်ရှားမနေပါနဲ့ "

" သေချာလို့လား မင်းရဲ့ကလေးက အရမ်းအသန့်အပြန့်ကြိုက်တာနော် တော်ကြာ ငါ့ကိုပေစုတ်
တယ်ဆိုပြီးအနားမကပ်ခံပဲနေလိမ့်မယ် "

" ညှပ်ချင်ညှပ်ခိုင်းလိုက်ပါ အစ်ကို
သူဌေးကတော်တော်ဖြစ်နေတာ ရည်းစားဆိုတာ မူးလို့ချူစရာမရှီတဲ့သူဌေးက အခု ရည်းစားအကောင်းစားလည်း
တစ်ယောက်ရတော့ သည်းသည်းလှုပ်နေတာ "

" ကျင်းလင် ငါ့ကောက်ပေါက်လိုက်ရ..မရွဲ့နဲ့ "

ကျီဟန် ပြုံးကြည့်နေမိသည်။

" ဟန် ခဏပဲစောင့် ငါ့ဆံပင်သွားညှပ်လိုက်မယ် "

" အင်းပါ "

" ကျင်းလင် ဟန်သောက်ဖို့တစ်ခုခုလုပ်ပေး "

" ဟုတ်ကဲ့ သူဌေး "

ရှောင်ကျန့် ကလေးနဲ့တွေ့ရမှာကို စိတ်လှုပ်ရှားနေပုံရသည်။ ရှောင်ကျန့်က ကလေးကို ချစ်လွန်းရမှာစံတင်လောက်သည်။

အိမ်ထဲဝင်တော့ မိန်းကလေးအာရှန့်က
ပြုံးပြီး နှုတ်ဆက်သည်။

" သခင်လေးကို လာတွေ့တာလား အစ်ကို "

" အစ်ကိုလာတာအတော်ပဲ သခင်လေးကနေမကောင်းဘူး
အခုလေးတင် ဆရာဝန်ဆေးထိုးထားတာ
ဆေးထိုးလို့ဆိုပြီး အငိုမသိပ်ဘူး
သခင်ချော့လည်းမရဘူး "

" ဘယ်အခန်းလဲ မြန်မြန်လိုက်ပြလေ "

ရှောင်ကျန့်စိတ်မရှည်စွာပြောလိုက်သည်။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now