Part 26

849 63 0
                                    

Part 26

" ဟားဟား..အား! "

ကျီဟန် ညတုန်းကရှောင်ကျန့်ပြောတဲ့ အဖြစ်ကို
ပြန်ရယ်ရင်း ခေါင်းထဲမှာ ဆစ်ဆစ်နဲ့ကိုက်လာသည်။

" ဘာဖြစ်တာလဲ! "

ရှောင်ကျန့်ကော်ဖီသောက်နေရင်း ထလာကာ
သူ့ပုခုံးကိုကိုင်ကာ မေးလေသည်။

" ဘာမှမဖြစ်ပါဘူး "

ကျီဟန်ပြန်ရယ်ပြပြီး ဆိုလိုက်သည်။

" သေချာလို့လား "

" သေချာပါတယ် ဆက်ပြောပါအုန်း "

"  အဲ့ဒါငါ့ဒီနေ့ ဘဏ်ကိုသွားမယ် ပိုက်ဆံထုတ်မယ်ညကျရင် ပိုက်ဆံနဲ့ ပေါ်လေးကိုဖိသတ်မယ် "

" ဟားဟား..ဟုတ်ပါပြီ "

ကျီဟန်ရယ်ရင်းပြောလိုက်သည်။  ဒီတလော
ခေါင်းတဆစ်ဆစ်နဲ့ထိုးကိုက်နေတာ နေတိုင်းနီးပါးပဲဖြစ်သည်။ ယဥ်တိုက်မှုရဲ့နောက်ထွက်ဆိုးကျိုးကြောင့်များလား ..ကျီဟန် ဘယ်သူ့ကိုမှ အသိမပေးချင်ဘူး
အထူးသဖြင့် ပေါ်ပေါ်တို့စုံတွဲဘာမှမသိလေ
ကောင်းလေပဲ ဒီချိန်က သူတို့ပျော်နေရမဲ့အချိန်
သူကြောင့် စိတ်မညစ်စေချင်ဘူး။

" ဘာဖြစ်လို့လဲ "

ဥက္ကဋ္ဌကို အဝတ်အစားရွေးပေးရင်း
ဥက္ကဋ္ဌက မေးလာသည်။

" ဘာမှမဖြစ်ပါဘူး "

" မညာပါနဲ့ အစ်ကိုမျက်နှာကိုကျွန်တော်အရိပ်လို့
ကြည့်နေတာ အစ်ကိုတစ်ခုခုဖြစ်နေတယ်
နေလို့မကောင်းဘူးလား "

" ဥက္ကဋ္ဌကဘာကြောင့် ကျွန်တော်မျက်နှာကို
အရိပ်လို့ကြည့်နေတာလဲ "

" ချစ်လို့ပေါ့ "

" ဗျာ! "

ကုန်းကျွင်းပါးစပ်ကလွတ်ခနဲ့ထွက်သွားသလို
အစ်ကိုလည်းကြောင်သွားသည်။

" ကျွန်တော်ပြောတာက..အစ်ကိုကငယ်လေးပါပါးဖြစ်သလို ငယ်လေးရဲ့အသက်လည်းဖြစ်တယ်လေ
အဲ့ဒါကြောင့် အရိပ်တကြည်ကြည့်နဲ့ ကြည့်နေမိတာပါ "

ဥက္ကဋ္ဌဘာကြောင့်စကားကြောင်းလမ်းလွှဲလိုက်တာလဲ
အစောနပြောတာ အဲ့တာမဟုတ်ပါဘူး

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now