ဇတ်သိမ်းပိုင်း

1.3K 64 1
                                    

Part 45

သုံးနှစ်ကြာသောအခါ

" ဟွားဟွားဖြေးဖြေး.."

ဟွားဟွားသည် သဲသောင်ပြင်ပေါ်ပြေးဆော့ကာ
ပျော်မြူးလေ၏
မိသားစုလိုက်ဟာဝါရီကျွန်းကို အပျော်ခရီးထွက်လာပြီးစားချင်တာစား ဝယ်ချင်တာဝယ်နေမိ၏

ဟွားဟွားက ရေထဲဆင်းဆော့ရတာကို အရမ်းသဘောကျနှစ်သက်တော်မူလေသည်။ ရိပေါ်ကဟွားဟွားနဲ့အတူဆော့ပေး ရှောင်ကျန့်ကတော့ကလေးနှစ်ယောက်ကို ထိန်းနေရ၏
ကျွန်တော်နဲ့ ကုန်းကျွင်းကတော့ ခုံမှာလဲလျောင်းကာအအေးသောက်ရင်း ကလေးတွေကို
ကြည့်နေမိသည်။

" အစ်ကိုပျော်လား "

" အင်း..အရမ်းပျော်တယ် ငါတို့အလုပ်တွေများခဲ့တာအခုမှ အပန်းဖြေရတယ် "

" ဟွားဟွား၃နှစ်ပြည့်တဲ့နေ့က ကတိပေးခဲ့တဲ့
ခရီးလေး အခုမှလိုက်ပို့ဖြစ်တယ် "

" ဘာပဲဖြစ်ဖြစ် မင်းကကတိတည်တဲ့
ဦးလေးကောင်းပဲ "

ရိပေါ်က သူနောက်လိုက်တာကြောင့်ဟွားဟွား သူဆီကိုတန်းပြေးလိုက်သည်။

" ဖိုးဖိုး..ဖိုးဖိုး "

ဟွားဟွား သူကိုယ်ပေါ်တက်ကာ သူအင်္ကျီအောက်ထဲခေါင်းထိုးထည့်ကာ ပုန်းလေ၏

" မိပြီ "

ရိပေါ် ဟွားဟွား ပေါင်သားကိုကိုက်ဆွဲလေသည်။
ဖြူဖွေးနေသော ပေါင်းသားက အရာထင်သွားသည်။

" အဟင့်.. ဟင့် ဖိုးဖိုး "

" ပေါ်ပေါ် ဟွားဟွားနာသွားပြီလေ "

" နာပါစေ သူကသားကိုရေနဲ့ပတ်ပြီး ထွက်ပြေးတာ "

ကလေးနဲ့ပြိုင်နေတဲ့ပေါ်ပေါ်ကြောင့် ကုန်းကျွင်းတို့ရယ်မိ၏ ရှောင်ကျန့်က ကုန်းကျွင်းဘေးကထိုင်ခုံမှာထိုင်ကာလှဲလိုက်၏ ပေါ်ပေါ်ကလည်း ဟန်ဘေးကခုံမှာထိုင်ကာနေကာမျက်မှန်ကိုတပ်ကာ လှဲသည်။

" ပါပါးကသားကိုချစ်ဘူး ဟွားဟွားကြောင့်
သားကိုဆူတယ် "

" သားကိုပါးကအချစ်ဆုံး "

ဟွားဟွား အင်္ကျီအောက်ထဲကထွက်လာကာ
ဟန်ကိုမော့ကြည့်ကာ

You've reached the end of published parts.

⏰ Last updated: Sep 22, 2021 ⏰

Add this story to your Library to get notified about new parts!

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now