Part 20

848 70 0
                                    

Part 20

" အစ်ကို..."

ကုန်းကျွင်းအစ်ကိုလက်ကိုကိုင်ပြီး မှေးနေစဥ် အစ်ကိုလက်ချောင်းလေးများ
လှုပ်လာတာကြောင့် ကုန်းကျွင်း ဘဲကို
တီးကာ ဆရာဝန်တွေကို ခေါ်လိုက်သည်။

" အခုလောလောဆယ်တော့ အသက်အန္တရာယ်
စိတ်ချရတဲ့ အနေအထားဖြစ်ပေမဲ့.."

ကုန်းကျွင်း ဆရာဝန်ကိုခေါင်းရမ်းပြတော့
ဆရာဝန်ဆက်မပြောတော့ပဲထွက်သွားသည်။
ကုန်းကျွင်းလည်း အစ်ကိုဘေးနားမှာ ကေကိုထားကာဆရာဝန်ကို သွားတွေ့လိုက်သည်။

" အစ်ကို.."

ထထိုင်နေတဲ့ အစ်ကိုကြောင့် ကုန်းကျွင်း
လူနာခန်းကို ပြန်ဝင်ဝင်လာခြင်းခေါ်လိုက်သည်။

" ဥက္ကဋ္ဌ ကျွန်တော်အိမ်ပြန်ချင်တယ် "

"  အစ်ကိုကအခုမှသတိရလာတာလေ ပြန်လို့မဖြစ်သေးဘူး ကျွန်တော်အစ်ကိုရှောင်ကျန့်ကို ဖုန်းဆက်လိုက်အုန်းမယ်  သူအရမ်းစိတ်ပူနေတာ "

ကုန်းကျွင်း အစ်ကိုရှောင်ကျန့်ကို အစ်ကိုသတိရကြောင်း
ဖုန်းဆက်ပြီး ပြန်ဝင်လာလိုက်သည်။
ကေက အစ်ကိုစားဖို့ စွပ်ပြုတ်စီစဥ်ပေးသည်။

"  အား! "

နှစ်ဇွန်းပဲသောက်ရသေးတယ် အစ်ကိုခေါင်းကိုက်လာတာကြောင့် ညည်းညူနေသည်။

" ခေါင်းကိုက်တယ်..အရမ်း..အရမ်းကိုက်တယ်
အဟင့်..ဟင့် "

အစ်ကိုခေါင်းဘယ်လောက်ထိအောင်ကိုက်နေလဲ
သူခန့်မှန်းမိပါသည်။ အစ်ကိုနာကျင်လွန်းလို့
ငိုတောင်ငိုနေသည်။

" အစ်ကိုဆေးသောက်လိုက်နော်..ဆေးသောက်ရင်သက်သာသွားမှာ "

ကုန်းကျွင်းဆေးပေးတော့ အစ်ကိုမြန်မြန်သောက်သည်။

" ဖြည်းဖြည်း "

အစ်ကို့ကိုရေတိုက်ပြီး ပြန်လှဲစေလိုက်သည်။
လိမ်းဆေးဗူးထဲက ဆေးကိုယူကာ
အစ်ကိုနထင်ကို လိမ်းပေးလိုက်သည်။

" သက်သာရဲ့လား အစ်ကို "

အစ်ကိုမှေးနေရင်းနဲ့မှ သူ့ကိုမျက်လုံးဖွင့်ကြည့်လာသည်။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now