Part 32

645 53 0
                                    

Part 32

အစ်ကိုနေမကောင်းဘူးကြားတာနဲ့
ဧည့်သည်နဲ့ ညစာစားပွဲဖျက်ပြီး
အိမ်ကို မြန်မြန်ပြန်လာလိုက်သည်။

အိမ်ရောက်တော့ အစ်ကိုအိပ်နေသည်။
ငယ်လေးကအစ်ကို့ကိုဖက်ပြီး အိပ်နေသည်။

"  သခင်.."

" အာရှန်း ဘာဝင်လာလုပ်တာလဲ တိုးတိုး "

" သခင်အတွက်ဖျော်ရည်လာပို့တာပါ
သခင်..အစ်ကိုခေါင်းကိုက်တော့ သခင်လေးအရမ်းငိုတယ် အဲ့တာနဲ့ အားရှန်း အစ်ကိုဝမ်နင်ကိုခေါ်လိုက်တယ်
သခင်..အစ်ကိုက.."

" ပါးစပ်ပိတ်ထား ဝမ်နင်ပြောတာတွေ
ငါ့ကိုလာမပြောနဲ့မကြားချင်ဘူး..ငါ့ အစ်ကို့ကို ဝမ်နင်ထက်ပိုတော်တဲ့
ဆရာဝန်နဲ့ပြနေတယ် "

" ဒါပေမဲ့..အဖြစ်မှန်က.."

" အားရှန်း! "

အားရှန်း သခင်ရဲ့ဒေါသအကြည့်ကြောင့်
ဘာမှဆက်မပြောတော့ပဲ အပြင်ထွက်ခဲ့သည်။

ဒေါက်..ဒေါက်

" ဝင်ခဲ့..."

ရှောင်ကျန့် ဝင်လာသည်။

" ဘယ်လိုဖြစ်တာလဲ.."

ရှောင်ကျန့်ဆိုင်ကပြန်လာလာချင်း သတင်းကြားကြားချင်း ဝင်လာတာဖြစ်သည်။

"  အစ်ကိုနေမကောင်းဘူး..ငယ်လေးကိုခေါ်သွားပါ "

" ဟန်ဘာဖြစ်တာလဲ "

" ဘာမှမဖြစ်ပါဘူး "

"  ကုန်းကျွင်း အစ်ကိုတို့ကို တစ်ခုခုဖုန်းကွယ်ထားတယ်မဟုတ်လား "

" ငယ်လေးသာခေါ်သွားပါ "

ရှောင်ကျန့်သက်ပြင်းချကာ ပေါ်လေးကိုပွေ့ကာ
ခေါ်သွားသည်။

ကျီဟန်နိုးနိုးချင်း သူ့လက်ကိုကိုင်ထားတဲ့
ကုန်းကျွင်းကို တွေ့ရသည်။

" အစ်ကိုနိုးလာပြီလား.."

ကျီဟန်ပြုံးပြီးခေါင်းညိတ်လိုက်သည်။

ကုန်းကျွင်း ကုတင်ပေါ်မှာထိုင်ကာ အစ်ကို့ကိုထူပြီးသူ့ရင်ခွင့်ထဲထည့်လိုက်သည်။

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now