Part 25

774 64 3
                                    

Part 25

ကုန်းကျွင်းအလုပ်ကပြန်လို့ အိမ်ထဲဝင်ဝင်ချင်း
ငယ်လေး သူလက်ကအိတ်ကိုလာဆွဲသည်။

" ကိုကြီးပြန်လာပြီ "

ထူးထူးဆန်းဆန်းငယ်လေးက သူ့ကိုလာကြိုပြီး
အခန်းထဲထိတောင်လိုက်လာသည်။

" ကိုကြီးကမနက်က သားသားနိုးတော့မရှီတော့ဘူး "

" ငယ်လေးကအမြဲတမ်းအိပ်ရာထနောက်ကျတာလေ "

" ကိုကြီး!..သားသားလေးညက အပေါ်ထပ်မှာနေရတယ် "

" ဟုတ်လား ငယ်လေးကတော်လိုက်တာ "

" ကိုကြီးပဲပြောတာလေ အပေါ်မှာနေပြီး အိပ်ရင်
ယွမ်တစ်ထောင်ပေးမယ်ဆို..အခုပေး "

"ဟားဟား..ဟုတ်ပါပြီ အခုမှသိတယ်
ငယ်လေးက နိုးနိုးချင်ကိုကြီးကိုရှာနေတာ
ယွမ်တစ်ထောင်လိုချင်လို့ကိုး "

" ဟုတ်တယ် သားသားကညနေထိစောင့်လိုက်ရတယ် "

" ဟုတ်ပါပြီ ကိုကြီးမှားပါတယ် "

ကုန်းကျွင်းအိတ်ထဲက ပိုက်ဆံကိုထုတ်ပေးလိုက်သည်။

" ကိုကြီး သားဒီညလည်းအပေါ်မှာနေမှာ "

" ဟုတ်ပါပြီ အပေါ်မှာနေသ၍ ကိုကြီးပေးမယ် "

" ဟေး..ဒါမှသားကိုကြီး "

ဝမ်ရိပေါ်ပျော်သွားကာ ကုန်းကျွင်းပါးကိုနမ်းပြီး
ပြေးထွက်သွားသည်။

" အော် လက်စသတ်တော့ မြှောက်ပေးတဲ့သူက
ဥက္ကဋ္ဌကိုး.."

ကျီဟန်ဝင်လာပြီးပြောလိုက်သည်။

" အစ်ကို.."

" အထင်မလွဲနဲ့နော် ငါချောင်းနားထောင်းတာ
မဟုတ်ဘူး..ကေက ဥက္ကဋ္ဌကုမ္ပဏီကနေ အလုပ်ပါလာတယ်​ပြောလို့ Laptopလာယူတာ "

အစ်ကို သူ့ကိုယ့်သူပြော သူဘာသာဖြေရှင်းနေသည်။

" ကျွန်တော့်ကို ဥက္ကဋ္ဌလို့မခေါ်ပါနဲ့ "

" အဲ့တာဆိုဘယ်လိုခေါ်ရမှာလဲ ကျွင့်ကျွင့်လို့ခေါ်တော့မကြိုက်ပဲနဲ့ "

" ကြိုက်ပါတယ် အဲ့လို​ခေါ်ပါ "

" ဥက္ကဋ္ဌသိရဲ့လား..ကိုယ့်ကိုကိုယ်အရမ်းပြောင်းလဲသွား
တာကိုး "

အနှိုင်းမဲ့မေတ္တာWhere stories live. Discover now